အပိုင်း (၂)

423 103 11
                                    

"ဒီကအစ်ကိုကြီး ကျွန်တော် အထက်တန်းတုန်းက Art Course မှာ A+ ရထားတာ ကူပေးလို့ရမလား"

ကူပေးလို့ရမလားက ပါးစပ်ကနေပဲပြောတာ Paint Brush အစုံထည့်ထားတဲ့ ဘူးထဲကနေ သူ့စိတ်ကြိုက်တစ်ခုရွေးယူပြီး ဆောင်းဟွန်းဘေးနား ဝင်တိုးထိုင်လာသည်။

လတ်ဆတ်တဲ့ Peppermint အနံ့နဲ့ ရေမွှေးနံ့ကြောင့် ဆောင်းဟွန်းဘေးကိုလှည့်ကြည့်လိုက်တော့ ဆောင်းဟွန်းဖုန်းထဲက ပုံကြမ်းကို သေချာဂရုစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

"တကယ် ဆွဲနိုင်တာ သေချာရဲ့လား"

"သေချာပါတယ်ဗျ အရမ်းကြီးတော့ Quality မကောင်းပေမယ့် ဆွဲနိုင်တယ်"

ဆောင်းဟွန်းက အသားအရည်အရမ်းကိုမှ ဖြူဖွေးတဲ့ထဲပါသော်ငြားလည်း ထိုကောင်လေးကဲ့သို့ ပန်းရောင်သမ်းနေတဲ့ အသားအရည်ကိုမမြင်ဖူးပါချေ။

ငုပ်တုပ်ထိုင်ချထားလို့ ပေါ်နေတဲ့ဒူးဆစ်လေးတွေကအစ ပန်းရောင်သမ်းနေတာကြောင့် တကယ်ကြီး ကြမ်းပြင်ပေါ်ထိုင်ချလို့ရောရရဲ့လား ဆောင်းဟွန်းတွေးမိသွားသည်။

ဆောင်းဟွန်းက စိတ်မြန်လက်မြန်ရှိတဲ့သူမို့ club member ဝင်တွေပင် စိတ်ညစ်လောက်အောင် အမှီမလိုက်နိုင်တဲ့ အကျင့်စရိုက်ရှိတဲ့သူမျိုး။

သို့သော်ငြား အခုမှ ပထမဆုံး ပရဝုဏ်တခုတည်းမှာ လေအတူရှုဖူးတဲ့ ကောင်လေးတစ်ယောက်နဲ့ အဲ့လောက်ထိ အတူအလုပ်တွဲလုပ်ရမှာ အဆင်ပြေမယ်မထင်ထားဘူး။

ဇိုးဇိုးဇက်ဇက်နဲ့ အဖွဲ့ခေါင်းဆောင်နားကပ်ကာ ပိုစတာကို စိတ်ကြိုက်ထိကိုင်နေတဲ့ Fresher ဟုထင်ရတဲ့ကောင်လေးကြောင့် အဖွဲ့သားတွေအကုန် မျက်တောင်ခတ်ဖို့ လန့်နေကြသည်။

ဆောင်းဟွန်းလုပ်နေတဲ့အပိုင်းကို တစက်မှစိတ်အနှောင့်အယှက်ပေးသွားတာမျိုးမရှိပဲ တည်တည်ငြိမ်ငြိမ်လေး ပိုစတာပေါ်ဆေးစက်တွေတင်သွားတဲ့ ကောင်လေးအား ဆောင်းဟွန်းမကြည့်မိပဲနဲ့ကို မနေနိုင်ဘူး။

Art Course A+ ရရုံရောဟုတ်ရဲ့လား ထုတ်မေးချင်လောက်အောင် လက်ရာကောင်းနေတဲ့ ထိုကောင်လေးရဲ့ ဖန်တီးမှုကြောင့် စိတ်ဝင်တစားဖြင့် အာရုံစူးစိုက်နေပါသော မျက်နှာလေးအား ခဏခဏ ငေးနေမိသည်။

I'm Still Into YouWhere stories live. Discover now