အပိုင်း (၆)

446 99 8
                                    

"ကျွန်တော်တို့ ဆရာဂင်မ် ညက အတော်များသွားပုံပဲ သိလို့ Coffee ဆွဲလာတယ်။"

နှဖူးကိုဖိရင်း မကြည်မသာမျက်နှာနဲ့ ထိုင်နေသည့် ဆောနူအား ဂျောင်ဝန်းက ချောင်းကြည့်ရင်း ယူလာတဲ့ကော်ဖီဘူးအား ချပေးတော့ အတော်ဖောင်းအစ်နေတဲ့ မျက်နှာလေးနဲ့ ကျေးဇူးတင်စကားဆိုလာသည်။

"ဆောနူနဲ့ ပီဒီကြီးက အရမ်းခင်ပုံပဲနော် အလုပ်လုပ်နေရင် ပုံမှန်ပဲဆိုတော့ ညကမှ အတော်ခင်ကြမှန်းသိတာ"

ဆောနူကတော့ အခုဒီနေရာကနေပျောက်ကွယ်သွားချင်နေပြီ။ ညက သူဘယ်လောက်တောင် သောင်းကျန်းခဲ့လဲ ဆိုတာ တလောကလုံးသိနေပြီဖြစ်သည်။

ဘေးနှစ်ခုံကျော်မှာ သူ့ကို မသိချင်ယောင်ဆောင်ပြီးထိုင်နေတဲ့ ပတ်ဆောင်းဟွန်းကို မြင်နေရုံရင်နဲ့တင် ကလိကလိတွေဖြစ်လွန်းတာကြောင့် လုပ်ရဲကိုင်ရဲတဲ့ အရက်ပြင်းပြင်းဝင်သွားတည်းက ပတ်ဆောင်းဟွန်းဘေးပြောင်းထိုင်ပြီး တအီအီနဲ့ စိတ်အနှောင့်အယှက်စပေးတော့တာပဲ။

ပထမကတော့ ဆောင်းဟွန်းက မသိသလိုလုပ်နေပေမယ့် သူ့လက်မောင်းတွေထိ လှမ်းဆွဲကာ အတင်းဂျီကျတော့တဲ့ ဆောနူကြောင့် ဆိုင်ကနေထကာ အိမ်ပြန်ဖို့သာ ရွေးချယ်လိုက်ရသည်။

အိမ်အပြန်လမ်းမှာလည်း ပတ်ဆောင်းဟွန်း ရင်ခွင်ထဲ အတင်းဝင်ပြီး အော်ငိုနေတဲ့ မိမိမျက်နှာကို ပြန်မြင်နေရရင် ချက်ချင်း နှုတ်ထွက်စာတင်ပြီး US ပြန်ပြေးချင်စိတ်‌ပါပေါက်လာသည်။

"နည်းနည်းလေး မထိန်းနိုင်တော့ အကုန်လုံးကို မျက်စိနောက်အောင်လုပ်မိပါပြီ။"

"မဟုတ်တာ မဟုတ်တာ ကျွန်တော်လည်း ညက ဘယ်လို အိမ်ပြန်ရောက်မှန်းတောင် သိတာမဟုတ်ဘူး။ အားလုံး အတူတူပဲကို"

ဆောနူ ဘေးနားမှာ မတ်တပ်ရပ်နေတဲ့ ဂျောင်ဝန်းနဲ့စကားပြောနေတုန်း အရှေ့ကနေဖြတ်သွားတဲ့ ဆောင်းဟွန်းကြောင့် အလိုလိုတုံ့ပြန်တဲ့ ခန္ဓာကိုယ်က အလုပ်စားပွဲအောက်ထဲ ဆောနူကို ငုံ့ဝင်သွားစေသည်။

"ဘာဖြစ်လို့လဲဟင် ဆောနူ"

"ဟို ဟိုနေ့တည်းက ဘောပင်ပျောက်နေလို့ အောက်ကျသွားလား ရှာနေတာ"

I'm Still Into YouWhere stories live. Discover now