15 (Unicode)

6.7K 200 10
                                    

‌ငါးရက်မြောက်တဲ့နေ့မှာတော့ မေမေက ပြန်သတိရလာခဲ့သည်။ ဒါပေမယ့် လူသာမသေတာ စိတ်ကတော့ သေသလိုဖြစ်သွားစေတဲ့ အချက်ကတော့ ခါးအောက်ပိုင်းတစ်ခုလုံးအသုံးပြုလို့မရတော့ခြင်းဖြစ်သည်။ အခုဆိုရင် မေမေက Wheelchair နဲ့သာအသုံးပြုလို့ရတော့မည်။

"မေမေ ဒါအိမ်က ကျွန်တော်ကိုယ်တိုင်ပြုတ်လာတာ စားလိုက်ဦးနော် ပြီးရင်ဆေးသောက်ရဦးမှာ"

'နိုင်'ပေးတဲ့ဆန်ပြုတ်ကိုတို့ထိတို့ထိစားနေသော မေမေက သူ့ရဲ့အခြေအနေအမှန်ကိုကြားပြီးကတည်းက တကယ်ကိုစိတ်ဆင်းရဲနေတာဖြစ်သည်

"ဆေးရုံဘယ်တော့ဆင်းရမလဲ"

"ဆရာဝန်ကတော့ တစ်ပတ်လောက်ထပ်နေစေချင်တယ်တဲ့မေမေ"

"စောနိုင်သမျှစောဆင်းချင်တယ် ဆေးရုံမှာနေရတာ သက်သောင့်သက်သာမရှိဘူး"

"ဟုတ် ဆရာဝန်ကို ထပ်မေးကြည့်လိုက်မယ်နော်"

ဒေါက် ဒေါက်

တံခါးခေါက်သံပြီးနောက် 'ဦးဝေ'နဲ့အတူ 'သစ်လေး'က ဆေးရုံခန်းထဲကို ဝင်လာသည်

"မေမေ"

ကလေးစိတ် 'သစ်'ကတော့ လူတွေရဲ့အရိပ်အခြေကိုအရမ်းမကြည့်တတ် မေမေ့ဆီကိုသာတိုးလို့ဝင်ထိုင်ရင်း ‌ကပ်ချွဲနေလေသည်

ထိုအချိန်ဘေးနားသို့ ရောက်လာသော 'ဦးဝေ' လက်တွေက'နိုင့်'ရဲ့ အနောက်ဘက်ဆီသို့ရောက်လာလေသည်။ မေမေတို့မမြင်အောင်ပင် လက်ကိုခပ်ဆတ်ဆတ်ရိုက်လိုက်ပြီး ရပ်နေတဲ့နေရာမှ ခြေရွှေ့လိုက်သည်။

"သား အပြင်မှာတစ်ခုခုသွားဝယ်စားလိုက်ဦးမယ်" ပြောပြီးအခန်းထဲကထွက်လာလိုက်သည်။

ဆေးရုံနဲ့အနီးနားမှာ ဆိုင်တွေကတော့အများကြီး၊ ဘာစားရင်ကောင်းမလဲစဉ်းစားနေသော 'နိုင်'က အနောက်ကပါလာသော ခြေသံကိုသတိမပြုမိ၊ ရုတ်လရတ်လှမ်းဆွဲလိုက်သော လက်တစ်ဖက်နဲ့ခန္ဓာကိုယ်ကို ဆွဲလှည့်ခံလိုက်ရမှာ လန့်သွား၍ ကိုယ်လေးက တုန်တက်သွားလေသည်။

"ဦးဝေ ဘာလုပ်တာလဲ"

"ဗိုက်ဆာလို့"

"အိမ်ကဘာမှမစားခဲ့ဘူးလား"

boob trackWhere stories live. Discover now