"Fading Connections"

89 9 8
                                    

လွန်ခဲ့သော ၅ နှစ်ခန့်က ဖြစ်သည် ။

အေးစက်စက်လေပြေညှင်းတွေတိုက်ခတ်နေတဲ့အပြင် ပင်လယ်ပြာရဲ့ လှိုင်းရိုက်ခတ်သံတွေဟာ ကြီးစိုးလို့နေတဲ့ ကမ်းခြေက ညလေးတစ်ညပဲ‌ပေါ့

ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းတဲ့ မျက်၀န်းတစ်စုံ‌ဆီက ကြည်လဲ့လဲ့ရောင် မျက်ရည်စတွေဟာ ပါးပြင်ထက်သို့ ကြွေကျလာခဲ့ပြီး ထိုသူရဲ့အတွေးပေါင်းစုံထဲမှာလဲ နာကျင်စရာအမှတ်တရတွေဟာ ပြန်ပေါ်လာလို့နေတယ်လေ ။

"အာ ချွဲယောန်ဂျွန်း အသိတရားရှိစမ်းပါ"
ပြန်မတွေးသင့်တော့တဲ့အကြောင်းတရားတွေ ခေါင်းထဲပြန်ပေါ်လာသဖြင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၍သာ အနီးရှိ သောက်လက်စ ဆိုဂျူပုလင်းများကို အဝေးသို့ အားဖြင့်ပစ်ခွဲခဲ့လေသည် ။

ကမ်းစပ်အနီးသောင်ပြင်ထက်မှာ ထိုင်လျှက်သားအနေအထားဖြင့် အတိတ်က အမှတ်တရတို့ကို ဆိုဂျူဖြင့်ဖြေဖျောက်ခဲ့သော်လည်း ပျောက်ကွယ်သွားခြင်းမရှိလေခဲ့ ။

" ဘာမို့လို့ ဘာမို့လို့ ဒီလာက်တောင် စွဲလမ်းမိသွားခဲ့ရတာလဲ "
ကိုယ့်ကိုယ်ကိုယ်ပြန်မေးခွန်းထုတ်ရင်းပဲ စီးကျလာတဲ့ မျက်ရည်‌စတွေကို လက်ဖြင့် သုတ်လိုက်ပြီး

"မင်းတောင် နေနိုင်လို့ ထားသွားရက်‌သေးတာ ငါကမနေနိုင်စရာ ဘာအကြောင်းမှမရှိဘူး ချွဲဘောမ်ဂယူ ငါနေနိုင်အောင်နေပြမယ် မင်းစောင့်ကြည့်နေလိုက်"

×××××××××××××××××××××××××××××××××××

ရာသီဥတုသာယာတဲ့နေ့လေးတစ်နေ့ပါပဲ

မသွားတာကြာပြီဖြစ်တဲ့ နယ်မြို့လေးတစ်မြို့ဆီသို့ ချွဲယောန်ဂျွန်းရောက်ဖြစ်ခဲ့တယ် အကြောင်းအရင်းကတော့ အမေဖြစ်သူရှိခဲ့စဉ်က ကျေးဇူးရှိခဲ့ဖူးတဲ့ ထိုမြို့လေးထဲက လီအွန်းဟိုဆိုတဲ့ နာမကျန်းဖြစ်နေတဲ့ ဦးလေးတစ်ယောက်ကို ဆေးကုသဖို့ပဲဆိုပါတော့ ။

ငယ်ငယ်‌လေးကတည်းက မိဘတွေဆုံးပါးသွားပြီး ဦးလေး အဒေါ် ။ ၀မ်းကွဲညီ‌လေးတစ်ယောက်နဲ့အတူကြီးပြင်း လာခဲ့ရတဲ့ ဆရာ၀န်တစ်ယောက်ဖြစ်တဲ့ ချွဲယောန်ဂျွန်းအတွက်ကတော့ လူနာတွေကို ကုသပေးနေရင်း လူနာတွေအတွက်အချိန်ပေးနေရရင်ကို ပျော်နေတတ်တာမျိုးလေ ။

"Destined to Reconnect"Where stories live. Discover now