"မင်းသိလား မင်းကိုငါကမုန်းတယ်ထက်ကိုပိုတယ်ဆိုတာ"
"မင်းသိလား မင်းကိုငါကမုန်းတယ်ထက်ကိုပိုတယ်ဆိုတာ"
"မင်းသိလား မင်းကိုငါကမုန်းတယ်ထက်ကိုပိုတယ်ဆိုတာ"
ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သတ်သွားသကဲ့သို့ ခံစားရစေနိုင်သော သူအချစ်ဆုံးသူထံမှ ထွက်ပေါ်လာသည့် ထိုရက်စက်ခါးသီးသည့် စကားလုံးတွေကို ဘောမ်ဂယူနား၌ အထပ်ထပ်အခါခါ ပြန်ကြားနေရသည် ။
"ဘာလို့လဲ ကိုကိုကဘာလို့ငါ့ကိုရှင်းပြခွင့်လေးတောင်မပေးရတာလဲ ငါ့မှာပြောပြစရာတွေအများကြီးရှိသေးတယ်လေ"
ဦးနှောက်ထဲ၌ မေးခွန်းပေါင်းမြောက်မြားစွာဖြစ်ပေါ်လာ၍ ဤနာကျင်မှုဒဏ်တွေကိုမခံနိုင်တဲ့အဆုံးမှာတော့"အဒေါ်ကြီး ကျွန်တော့်ကို နောက်တစ်ပုလင်း ချပေး"
မျက်လုံး တောင်ကောင်းကောင်းမဖွင့်နိုင်တော့သည့်အပြင် ပတ်၀န်းကျင်တွေဟာ သူ့အမြင်မှာဝေဝါးပြီးမသဲကွဲဖြစ်နေသော်လည်း သူဂရုမစိုက် ။ လေးလေးပင်ပင်အသံဖြင့် ဆိုင်ရှင်အဒေါ်ကြီးထံ နောက်တစ်ပုလင်းကို တောင်းဆိုလိုက်မိသည် ။ သိပ်မသောက်တတ်ဘဲ ၂ခွက် ၃ ခွက်လောက်နဲ့ခေါင်းမှောက်တတ်တဲ့ ကောင်လေးငယ်ဟာဆိုရင်ဖြင့် ဒီတစ်ခါမှာတော့ ဒီပုလင်းနဲ့ဆိုရင် သူသောက်နေသည်မှာ ၅ ပုလင်းမြောက်ဖြစ်နေပြီဖြစ်သည်။"ကောင်လေး ဒီတစ်ပုလင်းပြီးရင်တော့ တော်ပါတော့လား မင်းတအားမူးနေပြီ"
ဆိုင်ရှင်အဒေါ်ကြီး၏သတိပေးသံကိုလဲ သူနားမထောင် ။ အာရုံလဲမရှိ ။ အခုချိန်မှာ သူဖြစ်ချင်တာက ရင်ဘတ်ထဲက ဒဏ်ရာတွေနဲ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမေ့ပစ်နိုင်ဖို့ပဲဖြစ်သည် ။ သူ့နှလုံးသားကိုအကြိမ်ကြိမ်သေစေနိင်သော ထိုလူကြီး၏ရက်စက်ကြမ်းကြုတ်သည့်စကားသံတွေဟာလဲ သူဘယ်လောက်မူးမူး သူ့နားထဲက ထွက်မသွားချေ။ ကြားယောင်မြဲကြားယောင်ဆဲဖြစ်သည်။ညဉ့်လဲနက်လာပြီဖြစ်၍ ဆိုင်သိမ်းခါနီး အဒေါ်ကြီးက "ဒီမှာကောင်လေး မင်းပြန်လိုက်ပါတော့လား အဒေါ်ဆိုင်သိမ်းချိန်ရောက်ပြီကွယ့်"
YOU ARE READING
"Destined to Reconnect"
Randomအရာအားလုံးကပြီးဆုံးသွားခဲ့ပြီးပြီ ဂယူ ငါ့နှလုံးသားကလဲ မင်းသတ်လို့သေသွားခဲ့ပြီးပြီ - CYJ