ည 11 နာရီခန့်အချိန်တွင်ဖြစ်သည် ။
ညအလင်းရောင်ပေးစွမ်းနိုင်သော လမင်းကြီးနှင့် တစ်လက်လက်တောက်ပနေသော ကြယ်လေးများကို မော့ကြည့်လျှက်သားအနေအထားဖြင့် ခုံတန်းလျှားရှည်ပေါ်မှာ မလှုပ်မယှက်ထိုင်နေခဲ့တာ 3 နာရီလောက်ကြာမြင့်သွားမှန်း သူကိုယ်တိုင်မသိချေ ။
အတွေ့ချင်ဆုံးလူတယောက်နဲ့ ရုတ်တရက်တွေ့ ဆုံရတဲ့အခြေအနေဟာ ဒီလောက်ထိ ရုတ်ရင်းဆန်ခတ်ဖြစ်သွားပြီး ပူထူသွားလိမ့်မယ်လို့သူမတွေးမိခဲ့ချေ ။ မတွေးရဲဖြစ်ခဲ့တာလို့ပြောရင်ပိုမှန်မည်ဖြစ်သည် ။
အခုဆိုလျှင်လဲ ဒီအခြေအနေကြီးထဲက သူရုန်းထွက်လာခဲ့တာ နာရီအနည်းငယ်မျှကြာမြင့်ပြီဖြစ်သည် ။ အခုချိန်ထိ သူမျက်လုံးတွေကိုမယုံနိုင်သလို ကြားခဲ့ရတဲ့ "ကိုကို"ခေါ်သံဟာလည်း ပဲ့တင်သံကဲ့သို့ နားထဲ၌ အခါခါ ထပ်မံ၍ ပြန်ကြားနေရာ ထိုကောင်လေးငယ်ရဲ့ပုံရိပ်ဟာလည်း သူအတွေးထဲ၌ ကြီးစိုးနေလေသည် ။
မသိစိတ်ထဲက ထိုကောင်လေးငယ်နဲ့ သူပြန်လည်တွေ့ဆုံချင်ခဲ့ပေမယ့် အခုလိုပုံစံမျိုးတော့မဟုတ်လှပေ ။
"ငါသူ့ဆီ ထွက်ပြေးလာမိတာ မှားများသွားပြီလား"
ခေါင်းထဲ၍ အတွေးပေါင်းစုံဖြစ်ပေါ်နေကာ သူ့ဆုံးဖြတ်ချက် မှန်လားမှားလားဆိုတာ အခုချိန်ထိ ဝေခွဲမရဖြစ်နေလေသည် ။"အားး မှားစရာအကြောင်းမရှိဘူး ချွဲယောန်ဂျွန်း မင်းလုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာ ဒီလိုလူမျိုးအတွက် ဘာမှထည့်သွင်းစဉ်းစားပေးစရာမလိုဘူး"
ဆို၍သာ သက်ပြင်းပေါင်းများစွာချ၍ အိမ်သို့ပြန်ခဲ့လေသည် ။ထိုနေ့ညတစ်ညလုံး ရင်ဘတ်ထဲက တဆစ်ဆစ်နှင့် ရင်ခုန်သည်လား နာကျည်းသည်လား မကွဲပြားသော ခံစားချက်များဖြစ်ပေါ်၍ တစ်ညလုံး အိပ်မပျော်ခဲ့လေပါ ။
×××××××××××××××××××××××××××××××××××
ဒီနေ့တော့ လေးလံနေတဲ့စိတ်တွေ ပေါ့ပါးလန်းဆန်းသွားအောင် အလုပ်တစ်ရက်ခွင့်ယူပြီး အပြင်ထွက် လေညင်းခံကာ အနားယူဖို့စဉ်းစားထားတဲ့ ယောန်ဂျွန်းတစ်တယောက် အိပ်မရတာအတူတူ စောစောထ ပြင်ဆင်ကာ ဟန်မြစ်သို့သွားရန်စီစဉ်လေသည် ။ ဟန်မြစ်ဆိုတာ သူ့အတွက်တော့ သာယာဖွယ်နေရာလေးတစ်ခုဟု ယောန်ဂျွန်းမှတ်ယူထားသည်။ စိတ်ပင်ပမ်းစရာတွေရှိတိုင်းလဲ ထိုနေရာသို့ပဲ အမြဲသွားလေ့ရှိပြီး မြစ်ကမ်းဘေး၍ စာအုပ်ဖတ်ကာ စိတ်ညစ်စရာတွေကို ဖြေဖျောက်လေ့ရှိသည် ။
YOU ARE READING
"Destined to Reconnect"
Randomအရာအားလုံးကပြီးဆုံးသွားခဲ့ပြီးပြီ ဂယူ ငါ့နှလုံးသားကလဲ မင်းသတ်လို့သေသွားခဲ့ပြီးပြီ - CYJ