"ကိုကို ကျွန်တော်ရှင်းပြတာတွေနားထောင်ပေးမယ်မလားဟင်လို့"
တစ်ဖက်လူဆီမှ အဖြေပြန်မရသောကြောင့် တူညီသောမေးခွန်းကိုပဲ ဘောမ်ဂယူ ထပ်ကာ မေးလိုက်မိသည် ။စက္ကန့်အနည်းငယ်လောက်စဉ်းစားပြီးနောက်
ယောန်ဂျွန်းခေါင်းတစ်ချက်ငြိမ့်လောက်ပြီး
"ကောင်းပြီလေ ဒါပေမယ့် မင်းရှင်းပြတာနားထောင်ပြီးရင်တော့ ငါ့ဆုံးဖြတ်ချက်အတိုင်း မင်းလိုက်နာမယ်လို့ ကတိပေးနိုင်လား""ဒါပေမယ့် ကို-"
"ဒါဆိုလဲရှင်းပါတယ် နားမထောင်ရုံပေါ့"
စကားဖြတ်ပြောလိုက်ပြီး နေရာမှထဖို့ဟန်ပြင်သွားသော ယောန်ဂျွန်းလက်တစ်ဖက်ကို ဘောမ်ဂယူဆွဲကိုင်လိုက်ပြီး"ကတိ...ကတိပေးပါတယ်"
ဤကတိပေးစကားကိုကြားမှ ယောန်ဂျွန်းပြန်ထိုင်လိုက်လေရာ"ကိုကို ဘာလို့ကျွန်တော့်စာတွေကို မပြန်ရတာလဲ"
"ငါ့မှာ ပြန်စရာအကြောင်းမရှိဘူး"
ခပ်ပြတ်ပြတ်ပဲ ယောန်ဂျွန်းပြောလိုက်လေသည်။ တကယ်လဲပြန်စရာအကြောင်းရင်းတိတိကျကျမှ မရှိလေတာ ။"ကျွန်တော်ပို့လိုက်တဲ့ အဲ့စာတွေကိုဖတ်ရောဖတ်ကြည့်ရဲ့လား"
ယောန်ဂျွန်းအတွက်တော့ ဤမေးခွန်းကို ခေါင်းခါရုံမှ တစ်ပါး တစ်ခြားဖြေစရာအဖြေမရှိ ။ အကြောင်းအရင်းကတော့သိပ်ကိုရိုးရှင်းပါတယ် ။ အဲ့ဒီအချိန်တုန်းကတော့ ယောန်ဂျွန်းစိတ်ထဲတွင် အဲ့စာတွေကိုဖတ်ခဲ့ရင်ရော ဘာများထူးခြားသွားမှာမလို့လဲဆိုတဲ့ ကလေးအတွေးသာသာပဲရှိခဲ့တာလေ ။ သူပဲပိုနာကျင်ခံစားရဖို့ပဲ ရှိတာဖြစ်ပြီး လုပ်ချင်တာလုပ်ဖို့အတွက် သူ့ကိုထားခဲ့ပြီးမှ အခုမှ သေချာပေါက် တောင်းပန်စာတွေပဲဖြစ်မှာပဲလို့သူထင်မြင်ခဲ့မိသည် ။
ဘောမ်ဂယူထွက်သွားပြီးပြီးချင်း သူ့အိမ်ရှေ့က စာပုံးထဲကို တစ်ပတ်တစ်ခါလောက် စာတစ်စောင်စီ ၁ နှစ်နီးပါးရောက်ရှိခဲ့သော်လည်း တစ်စောင်မှသူဖွင့်မဖတ်ခဲ့ချေ ။ အဲ့စာတွေ ဘယ်ရောက်သွားပြီလဲလို့ မေးကြရင်တော့ သေချာပေါက်အဖြေက အမှိုက်ပုံးထဲကိုပေါ့ ။
နောက်နှစ်ပိုင်းတွေမှာတော့ ဘောမ်ဂယူလဲစာတွေထပ်မပို့တော့သလို တစ်ပတ်တစ်ခါရောက်နေကျ သူ့စာတိုက်ပုံးလေးမှာလဲ စာလေးတွေ ထပ်ရောက်ရှိမနေတော့ဘူးလေ ။ ယောန်ဂျွန်းအတွက်တော့ သိပ်ထူးထူးခြားခြား မျှော်လင့်လဲမနေတော့ပါဘူး ။ အကြောင်းအရင်းတိတိကျကျ မပေးဘဲ လူတစ်တယောက်လုံးကိုတောင်ထားသွားရက်သေးတာပဲ စာတွေထပ်မရောက်လာခြင်းအတွက်တော့ ကြီးကြီးမားမားစာဖွဲ့မနေတော့ပါဘူး ။
YOU ARE READING
"Destined to Reconnect"
Randomအရာအားလုံးကပြီးဆုံးသွားခဲ့ပြီးပြီ ဂယူ ငါ့နှလုံးသားကလဲ မင်းသတ်လို့သေသွားခဲ့ပြီးပြီ - CYJ