1/7
- ပထမမြောက်နေ့မှာတော့ ယောန်ဂျွန်း သူ့လူနာလေးတွေနဲ့ပဲ အချိန်ကုန်ဆုံးဖြစ်ခဲ့တာမို့ ဘောမ်ဂယူက ထွေထွေထူးထူးသူ့အတွေးထဲတော့ ရောက်မလာခဲ့ပါဘူး ။
2/7
- ဒုတိယမြောက်နေ့မှာလဲ သူ့အလုပ်ခွင်မှာပါပဲ ။ အရေးပေါ်အက်ဆီးဒင့်ဖြစ်တဲ့လူနာတွေရောက်လာလို့ ရုတ်ရင်းဆန်ခတ်တော့ဖြစ်သွားသေးတယ် ။ ဒါပေမယ့် သူအသက်တော့ ကယ်လိုက်နိုင်ပါတယ် ။ တစ်ချက်တစ်ချက် အတွေးထဲရောက်လာပေမယ့် သူအာရုံစိုက်ရမယ့်အရာတွေများနေခဲ့တာမို့ အဲ့တာကိုလျစ်လျူရှုထားခဲ့ပါတယ် ။
3/7
- တတိယမြောက်နေ့ကတော့ နားရက်ပေါ့ ။ နားရက်လေးမှာ ဂျူနီယာ ဆရာ၀န်ငယ်လေးတစ်ယောက်ရဲ့ မဂ်လာဧည့်ခံပွဲလေးတက်ဖြစ်ခဲ့တာ ။ အစကတော့မသွားဘူးလုပ်ထားပေမယ့် ပြန်တွေးကြည့်တော့လဲ တစ်ခုခုဆို သူ့အတွက် အစစအရာရာလိုလေးသေးမရှိအောင်ကူညီတဲ့အပြင် ညီတစ်တယောက်လိုပါရင်းနှီးနေတော့လဲ သူသွားခဲ့ပါတယ်ပေါ့ ။ ကံတရားကဆန်းကြယ်တယ်ဆိုတဲ့အတိုင်း ရေစက်ပါသူတွေကိုတော့ တွေ့ဆုံအောင်ဖန်တီးပေးခဲ့ပါတယ် ။ ဒါကိုချွဲဘောမ်ဂယူကတော့ သူပြောခဲ့တဲ့အတိုင်းငြင်းဆန်တယ်လေ ။ မဂ်လာပွဲတက်လာတဲ့ သူ့အချစ်ရဆုံးသူကြီးကို တွေ့ပါသော်လည်း ရှောင်ခဲ့တာမျိုးပေါ့ ။ ဒါကို ချွဲယောန်ဂျွန်းလဲသတိမမူခဲ့မိဘူးပေါ့ ။ ညဘက်ပြန်ရောက်တော့ မဂ်လာစုံတွဲကို အားကျမိပြီး လက်လွှတ်ခဲ့တဲ့တစ်စုံတစ်ယောက်ကိုတော့ ခဏတာသတိရမိပါသေးတယ် ။
4/7
- စတုတ္ထမြောက်နေ့ကတော့ ယောန်ဂျွန်းအတွက် အစည်းအဝေးတွေ တန်းစီတဲ့ရက်လေးပါပဲ ။ တနေကုန်နားချိန်မရှိလောက်အောင်ကို အစည်းအဝေးတွေတက်နေရတယ်လေ ။ အရေးထဲ ဖြစ်ချင်တော့ကျလဲ နေ့လယ်စာမှာစားဖြစ်လို့ လာပို့တဲ့ဒလီသမားက ချွဲဘောမ်ဂယူရဲ့ငယ်သူငယ်ချင်းဖြစ်လို့နေပြန်ရော ။ မတွေ့ရတာကြာပြီ အဆင်ပြေတယ်မလားဆိုတဲ့ စကားကလွဲပြီး နှစ်ယောက်သား တခြားစကားတော့မဆိုဖြစ်ခဲ့ကြ ။ ဘာရယ်တော့မဟုတ်ပေမယ့် ချွဲဘောမ်ဂယူက သူ့အတွေးထဲထပ်ရောက်လို့လာပြန်တဲ့ နေ့လေးတစ်နေ့ပါပဲ ။
YOU ARE READING
"Destined to Reconnect"
Randomအရာအားလုံးကပြီးဆုံးသွားခဲ့ပြီးပြီ ဂယူ ငါ့နှလုံးသားကလဲ မင်းသတ်လို့သေသွားခဲ့ပြီးပြီ - CYJ