အဟွတ်အဟွတ် ......
"မီးမွှေးတာ ဒီလောက်ခက်ရလား "
"အိုခေ ဒီလောက်ဆိုရပြီး "
အလွမ်း မီးမွှေးကာ ထမင်းအိုး တည်ထားလိုက်သည်။ အဘ နေမကောင်းဘူးဆိုလို့ မေကြီးတို့က ရွာပြန်သွားကြသည်။ ဒေါ်လေးကတော့ အလွမ်းနဲ့ အဖော်လာနေပေးသည်။ ဒေါ်လေးက ဒီမြို့သားနဲ့ အိမ်ထောင်ကျကာ သူ့အမျိုးသားနဲ့သာ လိုက်နေသည်လေ။
"ဒေါ်လေးကလည်း ဘယ်သွားနေလည် မသိပါဘူး "
အလွမ်း ဟင်းချို ချက်ရန် ဘူးသီး လှီးနေသည်။
"မေကြီး လှီးတောက အ့လောက်မခက်ပါဘူး အ့ "
ဘူးသီးက ချောနေတာကြောင့် ချော်ကာ လက် ကို ဓားထိ သွားသည်။ အလွမ်း လက်ကိုရေဆေးကာ အဝတ်စနဲ့ စည်းလိုက်သည်။ တစ်ယောက်တည်းတော့ စည်းရခက်တာပေါ့
ပလွတ် ပလွတ်
"အို ထမင်းအိုး ပျော့တော့မှာဘဲ "အလွမ်း မီးဖိုချောင်ပြေးကာ ထမင်းရည် ငှဲ့ဖို့ လုပ်လိုက်ပေမယ့်
ဂလွမ်း
အား ..................
"ခများ!"
"နေ့ အီး ဟီး ဟီး ဟင့် "
မေကြီးတို့ ရွာပြန်သွားတယ်ဆိုတာကြောင့် နေ့ သာလိကာလေးနဲ့အဖော်လာနေပေးမယ်ဆိုကာ ခု သာလိကာလေး အိမ်ရှေ့ ရောက်နေပြီ။ ခုထိ သာလိကာလေးရဲ့အရိပ်အရောင်က်ု မတွေ့ရ။ နေ့ ဧည့်ခန်းထဲမှာလည်း သာလိကာလေးကို မတွေ့တာကြောင့် မီးဖိုချောင်ဘက်သွားလိုက်သည်။
ထိုအချိန်
နေ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ထဲပူလောင်သွားရသည်။ မျက်ရည်တွေနဲ့ သူ့ကို ကြည့်ကာ ပြောနေပုံက အားကိုးရသွားတဲ့ ကလေးအလား။ဒီလူထိခိုက်နာကျင်နေတာကို နည်းနည်းလေးတောင် နေ့ အလိုမရှ်ိပါ။
နေ့ သာလိကာလေးဆီ အမြန်သွားကာ ပွေ့ချီပြီးရေချိုးခန်းဘက် ခေါ်သွားလိုက်သည်။
နေ့ ပွေ့ချီလိုက်တော့ သာလိကာလေးက နေ့ရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ချိတ်တွယ်လာသည်။မျက်နှာက ငိုမဲ့မဲ့ဖြစ်နေတုန်းဖြစ်သည်။
![](https://img.wattpad.com/cover/378065222-288-k821058.jpg)