2 U/Z

2.9K 35 0
                                    

uni

"ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ"

"အပိုင်း ၂"

ရှင်လွန်း အိပ်ယာနိုးကတည်းက ကျောင်းသွားဖို့ ပြင်ပြီး အဆောင်လမ်းအတိုင်း ထွက်ခဲ့၏။

"ရှင်လွန်းမေ ခဏ"

အဆောင်ပိုင်ရှင် အဒေါ်ကြီး၏ စကားကြောင့် ရှင်လွန်း အဒေါ်ကြီး အနားလျှောက်လာကာ

"ညည်း ငါ့ကို အဆောင်လခ မပေးတာ ၂လရှိပြီ ဒီလရော ပေးဦးမှာလား"

ရှင်လွန်း မျက်လွှာလေး ချရင်း

"ဒီလတော့ ရှင်လွန်း လခသွင်းပါမယ် ကျန်ခဲ့တဲ့ ၂လက အမေ ဆေးရုံတက်ရလို့ ရှင်လွန်း အိမ်ကို ပိုက်ဆံ အကုန်ပြန်ပို့လိုက်လို့ပါ "

"ပြီးရောအေ ဒီလမှ အဆောင်လခ မပေးရင် ညည်း အဆောင်ပြောင်းဖို့ စဥ်းစားထား"

ပြောချင်ရာ ပြောပြီး လှည့်ထွက်သွားသော ဒေါ်နန်းအေး ကိုကြည့်ပြီး ရှင်လွန်း သက်ပြင်းကိုရှိုက်မိလေသည်။

မဖြစ်သေးပေ။
စားဝတ်နေရေး အတွက် ရှင်လွန်း အလုပ်ပိုလုပ်မှ ဖြစ်တော့မည်။

မိန်းမငယ်လေး တစ်ယောက်တည်း ရုန်းကန်နေရသည့် သူမလေး ဘဝရဲ့ ခက်ခဲ မှုကို အဘယ်သူက ကိုယ်ချင်းစာမည်နည်း။
~~~~~~~~~~~~~~~~~

ကန်ရေပြင်တည်ငြိမ်နေသလောက် ချစ်သူနှစ်ဦး ရဲ့ ရင်တွင်းမှာတော့ သောက များစွာဖြင့် ပူလောင်နေခဲ့ကြသည်။

"မောင် ဘဝကို ဒီလိုပဲ ပေါ့ပေါ့တန်တန်ဖြတ်သန်းတော့မှာလား "

ယုယ အမေးကြောင့် မိုးထက် သက်ပြင်းကို ရှိုက်ရင်း

"ယုယ မောင့်ကို စိတ်ကုန်နေပြီလား "

ယုယ မောင့် မျက်နှာကို စေ့စေ့ကြည့်ရင်း

"စိတ်ကုန်လို့ ပြောတာမဟုတ်ဘူး မောင်  ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းစေချင်တာ တကယ်တမ်း ပြောမယ်ဆို မောင့် ပုံစံက လမ်းသရဲသာသာ ပဲ မောင် ယုယကျတော့ တက္ကသိုလ် မြန်မာစာ ဌာနက ဆရာမ မောင်ကကျတော့ လမ်းသရဲ ပြောမပြောချင်ဘူး"

မောင် ပုံစံကြည့်ကာ ယုယ စိတ်ပျက်စွာ ပြောနေမိခြင်းဖြစ်သည်။

ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာWhere stories live. Discover now