17 (End) U/Z

4.4K 40 2
                                    

Uni

"ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ"

"အပိုင်း ၁၇(ဇာတ်သိမ်း)"

Ambulance ကားတစ်စီး ထိုးရပ်လာမှုကြောင့် ဒေါက်တာ ဦးနေထက်တို့ အဖွဲ့ အပြေးအလွှား ကားရှိရာ ပြေးခဲ့ကြရသည်။

"ဟင် သားကြီး"

ကားပေါ်ရှိ လူနာခုတင်ထက်မှာ ခန္ဓာကိုယ် သွေးလူးလူးဖြင့် အသက်ကို အသဲအသန်ရှုနေရသော သားဖြစ်သူကို ကြည့်ပြီး ဦးနေထက် ရင်ထဲ တဆက်ဆက် တုန်ခါ နာကျင်လာရသည်။

ဦးနေထက်တစ်ယောက် မိုးထက် လက်ကို လှမ်းဆွဲရင်း လူနာတွန်းလှဲကို ခွဲစိတ်ခန်း ဆီသို့ တွန်းဝင်ခဲ့သည်။

ခွဲစိတ်ခန်းထဲ အရောက်တွင်

"ဒေါက်တာ ဖြစ်ပါမလား"

သား မျက်နှာကို လှမ်းကြည့်ကာမှ သူရင်ထဲ ပို၍ ဆို့နင့်လာရသည်။

ယောကျာ်းတန်မဲ့ မျက်ရည်များပင် ဝဲနေရပြန်ပါသည်။

"ဖြစ်တယ် ဒေါက်တာ ကျွန်တော်သားကို ကျွန်တော်ရအောင် ကယ်မယ်"

အသက်မျှော့မျှော့သာ ရှိတော့သည် မိုးထက် မျက်ဝန်းတွေ တဖြည်းဖြည်းမှိတ်သွားပြီး အဖေ စကားသံကို မကြားတစ်ချက် ကြားတစ်ချက် ဝေး၍ ဝေးသထက်ဝေးခဲ့ရလေသည်။

ဖခင်တစ်ယောက် ရင်ထဲ အခုချိန်ဘယ်လိုခံစားနေရမည်ကို တခြားသော ဆရာဝန်တွေ အားလုံး နားလည်ကြပါသည်။

ဦးနေထက် မျက်ဝန်းအိမ်မှာ မျက်ရည်များစွာဖြင့် သားဖြစ်သူ၏ အသက်အန္တရာယ် ကင်းစေဖို့ ဆုတောင်းရင်းပေါ့~~~~။
~~~~~~~~~~~~~~~~~

ခွဲစိတ်ခန်း ရှေ့တွင် မျက်ရည် စက်လက်ဖြင့် ရပ်နေသော မိခင် ဖြစ်သူကို လရိပ် နှင့် ရှင်လွန်း တစ်ယောက်တစ်ဖက် ဖေးကူထိန်းထားရသည်။

ဒေါ်အရိပ် ရင်ထဲမှာ သောကပေါင်းများစွာဖြင့် တုန်ယင်နေရသည်။

ဘုန်း သားမိ ၃ယောက်ရဲ့ အဖြစ်ကို ကြည့်ပြီး ခွဲစိတ်ခန်း တံခါးကို အသာတွန်းဖွင့်ကာ သူလည်း ခွဲစိတ်ခန်း အတွင်းသို့ ဝင်ခဲ့လိုက်သည်။

"ကိုမိုးထက် ခင်ဗျား သေလို့ မရဘူးနော် ခင်ဗျား မသေနဲ့ဦး ကျွန်တော်လိုကောင်ကို ခင်ဗျား ထလာပြီး ဆုံးမဦး လက်သီးနဲ့ ထိုးဦး ဒီအတိုင်းတော့ လောကကြီးက ထွက်မသွားပါနဲ့ဦးဗျာ"

ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာWhere stories live. Discover now