11 U/Z

2.5K 25 0
                                    

Uni

"ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ"

"အပိုင်း ၁၁"

ဒေါ်မြနှင်း အံ့သြစွာ  မိုးထက်ကို ကြည့်နေမိစဥ်က မိုးထက်ရို့ကျိုးစွာဖြင့်

"ကျွန်တော် အမေ နဲ့ စကားပြောပါရစေ အမေ"

အို ___ဘုရားရေ။

သူမကို အမေ ဆိုပါလား။

သူမ လျှင်မြန်စွာပင်

"အိမ်ပေါ်တက်လေ မောင်မိုးထက်"

သူမက အိမ်ရှင်ပီပီ ဧည့်ဝတ်ကျေရမည် မဟုတ်ပါလား။

မိုးထက် လည်း ဒေါ်မြနှင်း နှင့် အတူ အိမ်ပေါ်သို့ တက်ခဲ့လေသည်။

ဖြူ နှင့် သွယ် လည်း လူကြီးတွေ နောက်မှ ကုတ်ကုတ်လေး လိုက်လာခဲ့ကြသည်။

မိုးထက်ကပင် စ၍ ယောက္ခမဖြစ်သူအား

"အမေ ကို ကျွန်တော်ဖြစ်ခဲ့တာတွေ အားလုံးအတွက် တောင်းပန်ပါတယ် ကျွန်တော်မှားခဲ့ပါတယ် "

ဒေါ်မြနှင်း သက်ပြင်းကိုရှိုက်ရင်း

"အဒေါ်ကတော့ သမီးလေး နဲ့ မြေးတွေရဲ့ ကံကြမ္မာလို့ပဲ ပြောပါရစေ ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့တာမို့ အဒေါ် ဘာမှတော့ အထွေအထူး ပြောစရာ မရှိပါဘူး နောက်ထပ် အဒေါ်သမီး စိတ်ဆင်းရဲမှာတော့ မလိုချင်တော့တာ အမှန်ပါ"

ဒေါ်မြနှင်း စိတ်ထဲ သိုဝှက်ထားသမျှ ပြောမိလေသည်။

မိုးထက် သမီးတွေကို ဝေ့ကြည့်လိုက်ပြီး

"သူတို့လေးတွေက ကျွန်တော် သမီးတွေလား အမေ"

သူတို့ အဖွားအနားကပ်ကာ သူ့အားကြောင်တောင်တောင်လေး ကြည့်နေသော ဖြူ နှင့် သွယ် အားမေးလိုက်လေတော့ ဒေါ်မြနှင်း သူ့ အနားမှာ ကပ်နေသော မြေး နှစ်ယောက်ကို ကြည့်ပြီး သူ့ကို ခေါင်းညိတ်ပြလိုက်၏။

"ဖြူ နဲ့ သွယ် ဒါက သမီးတို့ အဖေလေ "

"ရှင်"

ဖြူ နှင့် သွယ် သူကို ကြောင်ငေးငေးလေး ကြည့်နေတော့

"သမီးတို့ ဖေဖေ သမီးတွေ"

"သွားလိုက်လေ"

ဒေါ်မြနှင်း ပြောတော့ ဖြူနှင့် သွယ် သူ့အနားကို ကပ်လာကြတော့ သမီးနှစ်ယောက်ကို ပွေ့ဖက်လိုက်ပြီး

ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာWhere stories live. Discover now