Uni
"ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ"
"အပိုင်း ၄"
မိုးထက် တိုက်ခန်းကို ပြန်ရောက်တော့ မနက် ၄နာရီ ထိုးနေပြီဖြစ်သည်။
စိတ်တွေရှုပ်နေသဖြင့် သူငယ်ချင်း ခန့်နောင် အိမ်မှာပင် သူ အချိန်ဖြုန်းခဲ့သည်။
သူ ပြန်ရောက်တော့ တိုက်ခန်းထဲမှာ မီးတွေ လင်းလျက်ရှိနေ၏။
သူ ဧည့်ခန်း ဆိုဖာမှာ ကျောချရင်း နဖူးပေါ်လက်တင်ကာ အတွေးတွေ နယ်ချဲ့နေမိသည်။
ဒီတိုက်ခန်းလေးက သူနှင့် ယုယ လက်ထပ်ပြီးလျှင် အတူနေဖို့ အတွက် ကားအရောင်းအဝယ် လုပ်ရင်း ဝယ်ထားသော တိုက်ခန်းလေးဖြစ်သည်။
သူ စိတ်ကူးထဲမှာ ချစ်ရသူအတွက် ခင်ပွန်းကောင်းတစ်ယောက်ပီသအောင် ကြိုးစားပြီး သူရဲ့ အကျင့်ဆိုးတွေကို ပြင်၍ သာယာသော အိမ်ထောင်ရေးကို တည်ဆောက်ရန် ရည်ရွယ်ခဲ့ဖူးသည်။
"အဟွန့်"
နှုတ်ခမ်းတစ်စုံကို မချင့်မရဲပြုံးလိုက်မိသည်။
အခုတော့ စိတ်ကူးနှင့် လက်တွေ့ တစ်ခြားဆီ ဖြစ်သွားရသည်။
ချစ်ရသူကိုလည်း ဆုံးရှုံးရပြီး
မချစ်တဲ့ သူနှင့်လည်း အတူနေရသည့် သူ့ဘဝလောက်ဆိုးဝါးလွန်းသည့် အရာမရှိနိုင်တော့ပေ။လောကကြီးရယ် တယ်လဲ ရက်စက်ပါတယ်။
ဒီတိုက်ခန်းလေးမှာ သူနှင့် ယုယရဲ့ အမှတ်တရတွေ များစွာရှိခဲ့သည်။
အခန်းနံရံကို အကြည့်ရောက်သွားတော့ ချစ်စရာ အပြုံးတွေနှင့် ယုယ ဓာတ်ပုံလေးက သူ နှလုံးသားကို အကြိမ်ကြိမ်ငိုစေခဲ့သည်။
ယောကျာ်းတန်မဲ့ ကျရသည့် မျက်ရည်ကို ဘယ်သူက သနားကရုဏာ ဖြစ်မည်နည်း။
"လွမ်းတယ် ယုယရယ် ဖြစ်နိုင်ရင် မောင်အနားကို ပြန်လာပေးပါ "
ပြန်မလာနိုင်တော့သည့် ချစ်သူကို တမ်းတမိပြန်သည့်က သူ့အတွက် အလုပ်တစ်ခုလိုဖြစ်နေခဲ့သည်။
~~~~~~~~~~~~~~~~~ရှင်လွန်း အိပ်ယာနိုးတော့ မနက် ၅နာရီခွဲနေပြီဖြစ်သည်။
အိပ်ရာဘေး ဝဲယာကို ကြည့်မိတော့ အစ်ကို ကို မတွေ့ရပေ။
YOU ARE READING
ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ
Romanceစားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ကောင်မလေးနဲ့ ဂျစ်ကန်ကန်ကောင်လေးတို့ တစ်ညတာမှားခဲ့ရာမှ ဖြစ်ပေါ်လာတဲ့ အချစ် အမုန်းတွေကြားက ဇာတ်လမ်းတစ်ပုဒ်