5 U/Z

2.4K 29 0
                                    

Uni

"ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ"

"အပိုင်း ၅"

ရှင်လွန်း ကျောင်းက ပြန်ရောက်တော့  ညနေစာ အတွက် ရပ်ကွက် အနားက စျေးတွင် ဟင်းချက်စရာများ ဝယ်ယူပြီး ညနေစာကို ချက်ပြုတ်လိုက်သည်။

သူ အကြိုက် ဖြစ်သည့် မဖြစ်သည့်တော့ သူမ မသိပေ။

ကြက်သားလေးတွေကို သေးသေးတုံးကာ အကြွပ်ကျော်လေး ကျော်ရင်း အရည်သောက် တစ်မျိုး ချက်ပြီး ငါးပိရည် တို့စရာလေး ဖြင့် ထမင်းဝိုင်းလေး အဆင့်သင့်ပြင်ရင်း ရှင်လွန်း ရေချိုးလိုက်လေသည်။

ရေပန်းမှ ရေကျသံ တစ်ချို့က ရှင်လွန်းရဲ့ ညစ်နွမ်းနေသော ခန္ဓာကိုယ်လေးကို လန်းဆန်းစေခဲ့လေသည်။
~~~~~~~~~~~~~~~~~

"အစ်ကို ထမင်းစားတော့မလား"

သူ့ အရောင်းအဝယ်မတည့်သဖြင့် အိမ်သို့ စိတ်ပျက်စွာ ပြန်ခဲ့သည်။

ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ရင်း  မျက်နှာကို လက်ဖြင့် ပွတ်ပစ်လိုက်စဥ်
ရှင်လွန်း ၏ အမေးကြောင့်

"အင်း ငါ့ထမင်းဆာ နေပြီ"

"အစ်ကို ရေအရင်ချိုးမလား "

"ရေချိုးပြီး ငါ့ လာခဲ့မယ် "

စကား အဆုံးတွင် သူ ရေချိုးရန် အခန်းသို့ ဝင်ခဲ့လိုက်လေသည်။

အခန်းထဲ အရောက် စာကြည့် စားပွဲပေါ်က ယုယ ဓာတ်ပုံလေးက သူ နှလုံးသားတွေကို နာကျင်စေပြန်သည်။

ခုတင်ပေါ်ထိုင်ကာ ဓာတ်ပုံလေးကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်ရင်း

"ယုယ မင်းကို မောင်လွမ်းတယ် ဘယ်မှာလဲ ကွာ မင်းမောင်ကို ခွဲသွားရက်တယ်နော် စိတ်ချပါ ယုယရယ် မောင် နှလုံးသားကို ယုယ တစ်ယောက်က လွှဲရင် ဘယ်သူကိုမှ ခိုနားခွင့် မပြုတော့ပါဘူး ယုယရယ်"

သူ့ ရင်ထဲမှာ ချစ်ရသူကို လွမ်းရသည့် ရက်တွေကြောင့်  အိပ်မပျော်သည့် ညများ များခဲ့ရသည့်ကို အဘယ်သူသိမည်နည်း။

တကယ်ချစ်သည့် သူက တကယ်ခံစားရသည်တဲ့။ လောကကြီးရယ် တရားကျလိုက်တာ။  ချစ်မိသည့် အမျိုးသမီးကို သူ့ရင်ခွင်မှ  ရက်စက်စွာ သေမင်းက ဆွဲခေါ်သွားသည့်တဲ့လား။
~~~~~~~~~~~~~~~~~

ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာWhere stories live. Discover now