ပန်းခြံထဲရောက်တာနဲ့
"Phuwin ငါ ပြောတာ အတည်နားထောင်"
"ပြော"
"တကယ်တော့ ......"
Phuwin Tangရဲ့ ပါးဖောင်းဖောင်းလေးတွေကို ကြည့်ပြီး စကားဆက်မဆိုနိုင်ပဲ ဆွဲညှစ်မိသည်။အသဲယားတာရော ခြောက်လလုံးလုံး မဆက်သွယ်တာရော ပေါင်း၍ ဆွဲတာမို့ ပါးနှစ်ဖက်ဟာရဲလာသည်။ဒီအရူးဟာ ရည်းစားနဲ့လမ်းခွဲကာ အဝေးကိုထွက်ပြေးတာမှာ သူ့ရဲ့သူငယ်ချင်းကိုပါ အဆက်အသွယ်ဖြတ်ခဲ့သည်။
တစ်ယောက်တည်းသော သူငယ်ချင်းကို စိတ်ပူရတာရော တစ်ယောက်တည်းသော သူငယ်ချင်းရဲ့ ရည်းစား ငကြောင်ကို ထိန်းရတာရောကြောင့် ခြောက်လကရူးမလို။ချစ်ရတဲ့ အစ်ကိုသာ အနားမှာမရှိရင် သူ့အတွက်လဲ မလွယ်။
"ပြောစရာရှိ ပြောJoong"
"တကယ်တော့ မင်းရဲ့ အလံနီကောင်ကြောင်းပြောမလို့ ကာလာဘလိုင်းကောင်ရ" ဒါကတော့ သူ့သူငယ်ချင်းက သတိပေးနေတဲ့ကြားထဲက တွဲတာမို့ အမြဲသတိရနေအောင် ပေးခဲ့တဲ့ နာမည်ပြောင်တွေ။
"စိတ်မဝင်စားတော့ဘူး"
"မင်းအမေကိုသွားလိမ် မင်းအဖေကိုသွားလိမ် မင်းအဘွားကိုသွားလိမ် ငါ့လာမလိမ်နဲ့"
"ဟုတ်ပါပြီ ဆရာကြီးရယ်"
"ငါပြောချင်တာကကွာ Phi Pond က မင်းကို တကယ် သဘောကျခဲ့တာကွ"
"ဟမ် ငါ နားကြားမှားတာလား မင်းအရင်က အာ့လိုပြောတာမဟုတ်ပါဘူး"
"အရင်က ဘာပြောခဲ့ပြောခဲ့ အခုမဟုတ်ဘူး မင်းကမှ Ghost တတ်တဲ့ အနီကောင်ဖြစ်သွားပြီ" သိလား ပါးဖောင်းဖောင်းကို နောက်တစ်ကြိမ်ထပ်ဆွဲကာ ကြိမ်းလိုက်သည်။
"တော်ပြီ တော်ပြီ Joong မဆွဲနဲ့နာနေပြီ ဟုတ်တယ် ငါ ချစ်နေတုံးပဲ Khun Naraကို ဘာလုပ်ရမလဲမသိတာ"
"ဘာကို ဘာလုပ်ရမလဲမသိတာလဲ"
"Joong ငါဘာလုပ်သင့်လဲ"
"ဒုတိယအကြိမ်အခွင့်အရေး ပေးသင့်သလားလို့"
"ငါ ငါ မသိဘူး Joong "
"ငါနားလည်ပါတယ် ဒါပေမယ့် Phi Pond က ဒုတိယအခွင့်အရေးနဲ့ထိုက်တန်နေမလား မပြောတတ်ဘူးလေ သူထပ်ပြီး မင်းကို နာကြင်စေရင်ပြော ငါ့ကို သူအသက်ထွက်တဲ့ထိ ငါထိုးပေးမယ်"

YOU ARE READING
Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
Фанфикတစ်ဘဝမှာ တစ်ခါပဲချစ်ချင်ပြီး အကယ်၍များ နောက်တစ်ခါထပ်ချစ်ရမယ်ဆိုရင်လဲ Pond Naravit ကိုပဲ ထပ်ခါထပ်ခါ ချစ်ချင်မိသည်။