အပိုင်း ၁

5 1 0
                                    

မင်းကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလား

လွန်ခဲ့သောနှစ်ပေါင်း 100 နီးပါခန့်လောက်က
လူတိုင်းရဲ့ပါးစပ်ဖျားမှာ ‌ပြောစမှတ်တွင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်

အိုင်လာမြို့တော်ကြီးမှာပေါ့ သိပ်ကိုကျော်ကြားတဲ့ မြို့တော်ဝန်ကြီးချုပ်မိသားစုကဆင်းသက်လာတဲ့ အမျိုးသားကောင်းလေားတစ်ယောက်ရှိသတဲ့
သူဟာနောင် အိုင်လာမြို့တော်ရဲ့ အနာဂတ်မြို့တော်ဝန်ကြီးချုပ်ပေါ့
သူဟာသိပ်ကိုချောမောပါတယ်
သို့သော်  ဘုရားသခင်က သူကိုရေခဲလူသားအဖြစ်ဖန်ဆင်းပေးထားသတဲ့

သူရဲ့ အမည်နာမမှာ အိုင်ယာကမ်ဂျွန်းဖြစ်သတဲ့

သူ့ကိုလူတိုင်းက မြို့သခင်လို့တောင်သတ်မှတ်ကြသတဲ့ သူမွေးဖွားကတည်းက မြို့တော်ဟာပိုမို စည်ပင်လာသလို အိုင်ယမ်ကမ်မျိုးနွယ်ရဲ့သြဇာအာဏာဟာလဲ ပိုမိုကျယ်ပြန့်လာသတဲ့

တစ်နေ့ သူဟာ မြို့တော်တွင်း သလျှိုဖမ်းရန်လျို့ဝှတ်စွာထွက်လာတော့သည်။မြို့တော်ရဲ့လုံခြုံရေးတပ်ကအရာရှိတစ်ယောက်အနေနဲ့ပေါ့။

အတိုင်းတိုင်းအပြည်ပြည်မှ ထွက်ရှိသောအလှအပပစ္စည်းများနှင့်လက်ဝတ်ရတနာများရောင်းသည့်ဆိုင်ကိုတွေသော် အမေ့အတွက် လက်ဆောင်ဝယ်ရန်ပြင်လိုက်သော်လည်း

သလျှိုကိုဤဆိုင်တွင်ဖမ်းရမည်ဟု အဖွဲ့သားများကအချက်ပြလိုက်သောကြောင့် သတိကပ်လိုက်သည်။

" မိန်းကလေး ဆံထိုးလေးနဲ့ အမွေးအိပ်လေးကိုပြပေးနိုင်မလား"

ကမ်မေးလိုက်သောအခါဝယ် လှည့်ကြည့်သည်မှာ သူထင်သကဲ့သိုမိန်းမလှလေးဟုတ်မနေခဲ့ပါ ‌ယောက်ျားလေးတစ်ယောက်သာဖြစ်သည်။
သို့သော်
ထိုပုရိသ၏ရုပ်အဆင်းမှာ မိန်းမလှအယောက်ပေါင်းများစွာယှဉ်လျင်တောင်မမှီနိုင်ပါ။

" ခဗျာ ကျွန်တော်ကမိန်းကလေးမဟုတ်ဘူးဗျ
ကျွန်တော်ကယောက်ျားလေးပါ လူကြီးမင်းခဗျာ"

ကမ်သည်တောင့်တောင့်ကြီးသာရပ်နေမိသည်။
သို့သော်လည်းကြာကြာမရပ်နိုင်ပါအလှလေးကသူကိုခေါ်နေပြီပဲ ဘာ ငါယောက်ျားလေတစ်ယောက်ကိုအလှလေးလို့ခေါ်လိုက်မိပြီလား

အတွေးနှင့်တင်ယောက်ယက်ခက်နေလေသည်

သို့သော် တာဝန်ကိုတော့မမေ့ပါ။

" အော်ဟုတ်ပါပြီ ကိုယ်ကိုမင်းတို့ဆိုင်ရဲ့အကောင်းဆုံး အလှဆုံး ဆံထိုးလေးတွေနဲ့ အမွေးအိပ်လေးတွေပြပေးပါ ကိုယ်အမေကို လက်ဆောင်အနေနဲ့ပေးချင်လို့ပါ။"

"ဟုတ်ပါပြီ လူကြီးမင်းခ‌ဏတော့စောင့်ပေးပါ။"

သူထွက်သွားပြီး ကမ်ကသူရဲ့အဖွဲ့သာတွေကိုမျက်စပစ်လိုက်ပြလိုက်တယ် သလျှိုက ဘယ်သူတုန်းလို့ပေါ့

တစ်ကယ်ထင်ရက်စရာမရှိဘူး ထို့အလှလေးကသလျှိုတဲ့လား

သူတော့ မလုပ်ရက်လို့ သူအဖွဲ့သားများကိုဖမ်းဖို့မင်းတို့တာဝန်ယူဟုသောအကြည့်ဖြင့်ကြည့်ပေးလိုက်သည်။

"လူကြီးမင်း ကျွန်တော်ယူလာတာလေးတွေ ဟောဗျာ ပြောက်သွားပြီတော့ ဘယ်များသွားတာပါလိမ့်နော်"

သူလည်း ဝယ်သူလူကြီးမင်းအား မတွေ့တော့သည်မလို့ ဆိုင်အတွင်းဘက်သို့အဝင် သူ၏လည်တိုင်ကြော့ကြော့ပေါ်သို့ ‌ဓားတစ်ချောင်းကရောက်ရှိနေလေ‌ပြီ

သူ၏နောက်ကြောမှ "လန်ဒန်က သူလျှိုလေး ဗစ်တိုးကမ်ဂျင် ခဗျားလေးသိပ်တော်နေပါ့လား"

ဟုအသံကြားမှ ဟွန့်ငါကိုဖမ်းနိုင်မှာလားလိုတောင် တွေလိုက်သေးသည်

ခြေဖွဖွလျောက်သံကနောက်ကြောမှဖြေးညင်းစွာထွက်ပေါ်လာပြီး

ခပ်ဩဩအသံဖြင့် ညင်သာသောလေယူလေသိပ်နှင့် စကားလုံးလှလှလေးများအား နားနားကပ်ကာပြောလိုက်သော ဝန်ကြီးချုပ်လောင်းလျာ အိုင်ယာကမ်ဂျွန်း

"ခင်ဗျားလေး ဗစ်တိုးကမ်ဂျင် ကျုပ် ရဲ့ အိုင်ယာကမ် ဝန်ကြီးချုပ်ကတော်လာလုပ်ပါ့လား ဟင်"

"ဟွန် ‌ဗစ်တိုးကမ်မျိုးရိုးကို အိုင်ယာ မျိုးရိုး လုပ်စေချင်တာလား"

"မျိုးရိုးထဲမှာ ကမ် ချင်းတူတာ ဘုရားသခင်ဖန်ဆင်းလိုက်တဲ့ အချစ်ပုံပြင်လေးများဖြစ်နေမလား ဟင်"

ဆက်ရန်ရှိသေးသည်။
သက်ကြီးဆုံတွဲ

#kimjoon_and_kimjin

ကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလားWhere stories live. Discover now