မင်းကိုယ်ကိုလက်ထက်ခဲ့တာနောင်တရလား
Part2အကျဉ်းထောင်ထဲတွင်
ဗစ်တိုးကမ်ဂျင် မှာ သူ့အိမ်သူ့ယာလိုနှင့် ကောက်ရိုးများပေါ်တွင် အိပ်စက်နေလေသည်။
ထိုအချိန်၌ ခြေသံခပ်ကြမ်းကြမ်းနှင့် ဝတ်ရုံအချင်းချင်းပွတ်တိုက်သံတို့သည် သူ့၏အကျဉ်းခန်း နှင့်နီးနီး၍ ကြားနေရသည်။
ထို့နောက်ကြားရသည့်အရာအားလုံ ရပ်တန့်သွားသည်။ သူ့အကျဉ်းတံခါးလည်းပွင့်သွားသည်။
သူသည် တံခါးဘက်သို့မေ့ငေါ့ကြည့်လိုက်သည်
ဝင်လာသူမှာ အိုင်ယာကမ်ဂျွန်းပင်ဖြစ်သည်
ဝင်လာပြီး သူ့အားဆွဲထူကာ နားနားကပ်၍
"မင်းရဲ့အခန်းဖော်အသစ်လေးတွေရောက်လာတယ် ဒါပေမဲ့ မင်းက ဒီမှာမနေရတော့ဘူပဲ"သူပြောသောစကားကို ကမ်ဂျင် နားမလည်ပါ
အသတ်ခံရတော့မှာလားလို့သာတွေးလိုက်မိသည်
ထို့နောက် အကျဉ်းခန်းဘေးသို့ဝင်လာသူမှာ သူရဲ့သွေးသောက်ညီနောင် နှစ်ဦ်းပင်ဖြစ်သည်
ထိတ်လန့်သွားသည် အကို ရိုင်း နှင့် ဗီးနစ် ကိုမတွေ့နိုင်လောက်ဘူးထင်ခဲ့တာ
" မင်ကိုယ်နဲ့လိုက်ခဲ့ရမယ် သေချာတယ် မင်းရဲ့ညီနောင်တွေဘာမှမဖြစ်စေရဘူး"
ငုံ့ထားသည့်ခေါင်းကိုမော့ကြည့်လိုက်ရင်း
" မင်းငါကိုလူသတ်ကွင်းပို့မှာမလား"
"ဟက်! မင်းကကြောက်နေတာလား "
သို့သော် ကမ်ဂျွန်းထင်သလိုမဟုတ်
"ငါလိုက်မယ် သွားမယ်လေ "
ကမ်ဂျင်လေး ဝန်ကြီးချုပ်လောင်းခေါ်ရာသို့ပါသွားတော့သည်
သို့သော် သူတို့ရောက်လာသည်မှာ လူသတ်ကွင်းမဟုတ် ခမ်းနားသည့်အဆောင်ကိုပင်ဖြစ်သည်
ထို့နောက်
" လာကြစမ်း! မင်းတို့ရဲ့ကတော်လောင်းလေးကို ရေချိုးဖို့ပြင်ဆင်ပေးထား ပြီးရင် အလှပြင်ဖို့ပြင်ဆင်ပေးထား "
ကမ်ဂျင်လေး၏စိတ်ထဲတွင် ငါကသူလျှိုလေ လို့တောင်အတွေးဝင်သွားသည်
ရေချိုးပြီး အလှပြင်သည့်အချိန်တွင်တော့
ငါကိုပြင်ပေးနေတာ မိန်းကလေတစ်ယောက်လိုပြင်ပေးနေမှန်းသိတော့ ဒေါသကတော်တော်ထွင်လာလေသည်
ဒေါသမျက်ဝန်းများဖြင့် ထို့လူထံကြည့်နေလေတော့သည်
အဝတ်လဲချိန်တွင် မိန်းကလေးအဝတ်အစားများယူလာသောကြောင် ဒေါသ မှာပေါက်ကွဲလေပြီလေ
" အိုင်ယာကမ်ဂျွန်း ခဗျားမိန်းမလိုဆင်နေတဲ့ ကျွန်တော်က ယောက်ျားတစ်ယောက်နော်"
ထိုလူကတော့ ပြုံးလိုက်သေးသည် ပါးချိုင့်ကြီးမများမှာကာခံ့ညားလျက်
" မင်းလေးက ယောက်ျားဖြစ်နေလည်း ကိုယ်ချစ်နိုင်ပေမဲ့ ကိုယ်မိဘတွေနဲ့ ပြည့်သူတွေကတော့မရဘူးလေကွာ".
နားနားကပ်၍
"မင်းရဲ့လူတွေအသက်က မင်းကိုယ့်ကိုလက်ထက်ရင် သူတို့က ကိုယ့်အမတ်တွေဖြစ်လာလိမ့်မယ်
မဟုတ်ရင်တော့ သူတို့နှစ်ယောက်ပဲ ထွက်သွားပြီးမင်းလေးကတော့ စံအိမ်ကြီးမှာပိတ်မိနေမှာပေါ့ ကိုယ်ကိုလက်ထက်ရင် ဝန်ကြီးချုပ်ကတော် လက်မထက်ရင် စံအိမ်ထဲမှာပိတ်ထားခံရတဲ့ လူတစ်ယောက်သာသာပဲ "ကမ်ဂျင်ရှုပ်ထွေးသွားသည် သူဘဝတစ်လျောက်လုံးသူ့၏သူငယ်ချင်းများကအရေးကြီးသည့်လူတွေဖြစ်နေမှာမှန်သည် တစ်သက်လုံးအိမ်ထဲပိတ်ခံထားရမှာမကြောက်ပင်မဲ့ သူငယ်ချင်းတွေကယ်၍ရမှန်းသိပြီး တစ်ကိုယ်ကောင်းတော့မဆန်ချင်ပေ
" ကျွန်တော် ဗစ်တိုးကမ်ဂျင်သည် ခဗျားကိုလင်ထက်ဖို့သဘောတူသည် ဒါပေမဲ့ တစ်ခြားကိုယ်လုပ်တော်တွေမကြားခြင်ဘူး အလုပ်ရှုပ်တယ်"
သက်ကြီးဆုံတွဲ
ဆက်ရန်ရှိသေးသည်။#kimjoon_and_kimjin
YOU ARE READING
ကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလား
FanficNamjin ကိုယ့်ရဲ့မမျှော်လင့်ပဲရောက်လာခဲ့တဲ့ အချစ်ကိုနောင်ဘဝထက်ဆက်ချစ်ချင်သေးတယ် "ဂျွန်း" ငါနဲ့တွေ့ရအောင် ပြုလုပ်ပေးတဲ့ကံကြမ္မာကိုကျေးဇူးတင်ပေမဲ့ ငါဂျွန်းကိုနှုတ်ဆက်ရအောင်လုပ်တဲ့ကံကြမ္မာကိုတော့မုန်းတယ် "အချစ်"