အပိုင်း ၃

2 1 0
                                    

မင်းကိုယ်ကိုလက်ထက်ခဲ့တာနောင်တရလား
Part3

မင်းလေးကတစ်မျိုးလေးပဲ သိပ်ချစ်စရာကောင်းတာပဲ ဒါကြောင့်ဒီကောင်ကြီးအသဲစွဲနေရတာ
သူလျှိုဘာကြောင့်များလုပ်ရတာလဲ့အချစ်ရယ်

" ဘာတုန်း မင်းလေးက ကိုယ်ကိုတစ်ခြားလူတွေနဲ့သဝန်တိုတာလား "

ကမ်ဂျင်မျက်နှာ ရုတ်တရက်ရဲတော့သွားသည်။
ငါကသဝန်တိုတယ် ဟွန့် တစ်ခြားမိန်းမတွေရှိရင်ငါကလိုက်အုပ်ချုပ်ရမှာလေ စိတ်ရှုပ်ဖို့အဲ့လောက်ကောင်းတာကို

" ခင်ဗျားကကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးတာပဲ ခဗျားနှာဘူးလိုက်လို့ ခန့်လိုက်တဲ့ကိုယ်လုပ်တော်တွေကကျုပ်လက်အောက်ရောက်လာမှာ သူတို့ဇာတ်ထုပ်တွေမရှင်းချင်ဘူး"

" ဟွန့် "

ဘုရားရေ ငါတို့ သခင်လေး ဝန်ကြီးချုပ်လောင်းလျာလေးက ပြုံတယ်တဲ့လား

‌နံဘေးရှိ အစေခံအများအပြားအံဩရပြန်သည်
ခနကပဲ မင်းတို့ရဲ့ကတော်လေး
ဆိုကာပြောလိုက်သေးသည် အခုလည်း ကတော်လောင်းလျားလေးရှေ့မှာပြုံးသည်တဲ့ သခင်ကြီးနဲ့ သခင်မကြီးကိုပြောရမယ်

ဆိုကာအစေခံမလေးများကအံဩစွာတွေးနေလေကြသည် ။

"ဝတ်လိုက် "

ရွှေချီထိုးထားသည့် ခရမ်ဖြူရောင် ဝတ်ရုံအားကမ်းပေးလာသည့် ကမ်ဂျွန်း

‌ဟင် မိသွားသည့်အစေခံလေးများ ဒါ ဒါက သခင်မကြီးက ပေး ‌ပေးထားတဲ့ ဇနီးလောင်းလျာရှိလာရင်ဝတ်ပေးပြီးခေါ်လာဖို့ပေးထားတဲ့ဝတ်ရုံလေးပဲ

ကမ်ဂျွန်း တုတ်တုတ်မျှမလုပ်ပဲ ငိုင်နေသော ကမ်ဂျင်အား သူကိုယ်တိုင်ပင်ဝတ်ရုံအားခြုံစေသည်

ထို့နောက် လက်မှဆွဲခေါ်သွားသည်မှာ သိပ်ကိုလိုက်ဖတ်တဲ့ ဇနီးမောင်နှံပုံစံပင်ဖြစ်သည်

ရွှေချီထိုးဝတ်ရုံ ဆင်တူနှင့်ထွက်‌သွားသော အရှင်သခင်နှစ်ယောက်အားကြည့်ကာ

‌ဪ လိုက်ဖတ်လိုက်လေခြင်းဟု ကျန်လေသူများကဆိုမိလေသည်

"အထဲရောက်ရင် ငြိမ်ငြိမ်နေ ခမည်းတော်ရောမယ်တော်ရောရှိတယ် လက်ကို ပြန်ပြင်လိုက်
ရော့ ဒီလက်စွပ်ဝတ်လိုက်"

ပေးလာသည့်လက်စွပ်လေးမှာ မြကျောက်ကို စိန်ကွပ်ထားသည့် လက်စွပ်လေးပင်ဖြစ်သည်။

ကမ်ဂျွန်းပေးသည့်လက်စွပ်အားစွတ်ကာ လက်အားအမျိုးသမီးတစ်ယောက်နယ် ပြင်လိုက်သည်
လက်တွဲ၍ဝင်လျင်ရိုင်းရာကြမည်မို့ ကမ်ဂျွန်း၏နောက်မှသာ လိုက်ပါလာတော့သည်

ခမ်းမဆောင်ထဲသို့ရောက်သော်

လှပသည့်အမျိုးသမီးမှာ လက်ဝတ်ရတနာအများအပြားဝတ်ဆင်ခြင်းထားမရှိ လက်သန်းကြွယ် ၌ ခပ်ကြွကြွ ပတ္တမြားလက်စွပ်တစ်ကွင်းသာရှိသည် ကေသာကို ဆံထိုးတစ်ချောင်းဖြင့်သေသပ်စွာထုံးဖွဲ့ထားပြန်သည်။

ထိုနောက် အမျိုးသမီး၏ဘေး၌ ခပ်ဝင့်ဝင့်ထိုင်နေသော အမျိုးသားထံသို့အကြည့်ရောက်သော်

အေးချမ်းသည့်ပုံပန်း ရိုးရှင်းသည့်ဝတ်စားပုံ အမျိုးသမီးနည်းတူ လက်သန်းကြွယ်၌ အနည်းငယ်သေးသော ပတ္တမြားလက်စွပ်

နှစ်ယောက်လုံးသည် ကမ်ဂျွန်း၏ ဖခင်နှင်မိခင်ပေဖြစ်လိမ့်မည်

အေးချမ်းသည် ကျက်သရေရှိသည် တင့်တယ်သည် လိုက်ဖတ်သည်

ထိုသူနှစ်‌ယောက်ဝတ်ထားသည့်လက်စွပ်ကြည့်မှ ကမ်ဂျွန်းလက်မှာလည်း ငါနဲ့ဆင်တူလက်စွပ်ရှိသားပဲလို့တွေးလိုက်မိသည်

ထိုငယ်ရွယ်လိုက်ဖတ်သည့်စုံတွဲတစ်တွဲသည်
အသရေတင်တယ်မှုနှင့်ပြည့်စုံသောစုံတွဲစီသို့လျောက်လှမ်းလာလေသည်

"ခမည်းတော် မယ်တော် ကျွန်တော်သူ့ကိုလက်ထက်မယ်"

" သားတော်"

"သေချာပါတယ်"

သက်ကြီးစုံတွဲ
ဆက်ရန်ရှိသေးသည်

#kimjoon_and_kimjin

ကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလားWhere stories live. Discover now