မင်းကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလား
Part6ရက်သတ္တပတ်အတော်အတန်ကြာသော်
အိုင်လာမြို့သူမြို့သားအပေါင်းတို့ ဝန်ကြီးချုပ်အိမ်တော်ရှေ့နှင့် လိုမ်လာဘုရားကျောင်းရှေ့တွင်စုပြုံလို့ရောက်နေကြသည်
ထိုနေ့ကား အိုင်လာမြို့တော်ဝန်ကြီးချုပ်လောင်းလျာ အိုင်ယာကမ်ဂျွန်း နှင့် သူ့၏ကတော်လောင်းလျာ ဗစ်တိုးကမ်ဂျင် တို့ရဲ့ လက်ဆက် ပွဲပင်ဖြစ်သည်။
မြို့တော်ဝန်ကြီးချုပ်လောင်းလျာသည် မဲနက်နေသည့် မြင်းကြီးအားစီးနင်းကာ လိုမ်လာဘုရားကျောင်းသို့ရောက်ရှိလာလေသည်
မြင်းပေါ်တွင် တည်ကြည့်ခံညားသောအသွင်အပြင် ဩဇာညောင်းသောမျက်နှာထား ပြုံးယောင်သန်းနေသော်နှုတ်ခမ်း
သိပ်ကိုမှ နှမြောစရာကောင်းသော အမျိုးသားပင်
အိုင်လာမြို့ရှိအမျိုးကောင်းသမီးတို့ သူတို့ဖြစ်နိုင်တော့၍ ငိုသူကငို၍အားပေးကောင်းချီပေးနေကြသည်ဝန်ကြီးချုပ်လောင်း ဘုရာကျောင်းထဲသို့ဝင်သွားသောအခါမှ
ဘုရားကျောင်းဝင်းထဲသို့
လှပသေသပ်သည့်မြင်းလှည်းလေးဝင်လာသည်
မြင်းလှည်းအတွင်းရှိသူသည် အမျိုးသမီးငယ်ကဲ့သို့လှပသော ယောက်ျားပျိုးတစ်ယောက်ပင်ဖြစ်လေသည်
သိပ်ကိုလှပချောမောကာကျက်သရေနှင့်ပြည့်စုံသည်
ရွှေရောင်အဆင်းအသားအရေ ချောမောသည့်မျက်နှာ ပဝါနှင့်အုပ်ထားသည်တောင်မြင်ရသူအဖို့ ယဉ်သပ်ရှုမောဖွယ်
ခုဏက ငိုယိုနေကြနေသောအမျိုးသမီးများခမျာ
မျက်ရည်များတောင်ပြန်ဝင်သွားတော့မလိုပိုတိုးငိုတော့သည် တန်ပါသည် ဤကတော်လောင်းလျာသည် ဤမျှချောမောလှပမှတော့ ရှုံးရကြိုးနပ်ပါသည်။ဘုရားကျောင်းအဝင်ဝတွင် မြို့တော်ဝန်ကြီးချုပ်သည်စောင့်နေသည် သူမ၏ဖခင်အနေနဲ့ လိုက်ပို့ဖို့ပေါ့
အလှပဆုံးပြုံးပြလိုက်သည် မြို့သူမြိုသားတွေကိုလည်းနှုတ်ခွန်းဆက်သလိုက်သည် လက်ဝှေ့ရမ်းကာ နှုတ်ဆက်လိုက်သည်

YOU ARE READING
ကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလား
FanfictionNamjin ကိုယ့်ရဲ့မမျှော်လင့်ပဲရောက်လာခဲ့တဲ့ အချစ်ကိုနောင်ဘဝထက်ဆက်ချစ်ချင်သေးတယ် "ဂျွန်း" ငါနဲ့တွေ့ရအောင် ပြုလုပ်ပေးတဲ့ကံကြမ္မာကိုကျေးဇူးတင်ပေမဲ့ ငါဂျွန်းကိုနှုတ်ဆက်ရအောင်လုပ်တဲ့ကံကြမ္မာကိုတော့မုန်းတယ် "အချစ်"