အပိုင်း ၅

1 0 0
                                    

မင်းကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလား
Part5

ကမ်ဂျင်း စံအိမ်ကြီးထဲမှာနေရနေရတာ တစ်လကျော်နေပြီဖြစ်သည်

လက်ဆက်ပွဲကြ ဝတ်ရင် အဝတ်အထည် လက်ဝတ်လက်စား သရဖူ ဆံထိုး
အစစအရာရာ အသစ်ဆုံးပဲသုံးမယ်လို့ မယ်တော်ကပြောထားသောကြောင့်နောက်လလောက်မှ လတ်ဆက်ပွဲကဖြစ်လိမ့်မည်

ဒီနေ့တော့ ကမ်ဂျွန်းနဲ့အတူ လက်ဆက်ပွဲအတွက်ပြင်ထားတာတွေသွားကြည့်ရမယ်တဲ့

အိုင်လာမြို့တော်ရဲ့ဝန်ကြီးချုပ်ကတစ်ကယ်ကိုကောင်းမွန်တဲ့အုပ်ချုပ်သူတစ်ယောက်ပါ။ဘာကြောင့်များသူတို့ကို သလျှိုလုပ်ခိုင်းလိုက်လဲမသိပါ။

အပ်ချုပ်ဌာနမှပို့လိုက်တဲ့ ဝတ်ဆုံ နှစ် စုံ

ရွှေရောင်အနည်းငယ်ရောထားသောအဖြူရောင်ပိတ်စအား လှပသေသပ်စွာ မင်ဂလာဝတ်စုံအဖြစ်ချုပ်ထားလေသည်။ရင်ဘက် ကို လည်ဆွဲဆွဲရန်သာအနည်းငယ်ဖော်ထားပြီး ကျန်နေရာများမှာ အိန္ဒြေရှိရှိ တင့်တယ်သည့်အမျိုးသမီးများဝတ်သည့်ဝတ်စုံအတိုင်ပင်။

"သားတော်မင်းရဲ့ကြင်ယာတော်လေးကို သိပ်ကို သဝင်တိုတယ်ပေါ့ လည်ပင်းတောင်မမြင်ရတော့ဘူး လည်ဆွဲ ဆွဲရင်ဘယ်လိုလုပ်မြင်ရတော့မလဲ့ကွဲ့ "

မယ်တော်ရဲ့ခပ်ရွှင်ရွှင်အသံနှင့် ခမည်းတော်၏ ပြုံးယောင်သန်းနေသည့်မျက်နှာများကြောင့် ကမ်ဂျွန်း မျက်နှာကြီးနီရဲလာတော့သည်။

ဟွန့် ငါကရှက်ရမှာကို သူကလာရှက်နေတယ် တစ်ကယ်ပါပဲ ကမ်ဂျင်းအတွေးလေးသည်ချစ်ဖို့ကောင်းသည်မဟုတ်လား။

" ရှင်မလည်းစမနေပါနဲ့ သမီးတော်ကရှက်ရမှာကို မင်းသားတော်ကမျက်နှာကြီးရဲနေပြီ ဟားဟား "

ဝန်ကြီးချုပ်ကတော်သည် ဝန်ကြီးချုပ်အား ခပ်ပြုံးပြ‌ံုးမျက်စောင်းလေထိုးရင်း

" ဟုတ်ပါပြီ မယ်တော်တို့ရဲ့သမီးတော်လေးဖို့ လည်ဆွဲလှလှလေး ကြည့်ပါဦး မယ်ဝော့်သမီးနဲ့ဆိုသိပ်လိုက်မှာ "

ဆိုကာ ကမ်ဂျင်အား လက်ယက်ခေါ်၍ လည်ဆွ‌ဲအားဝတ်ပေးလိုက်သည်။

စိန်လုံးများ စီတန်းနေပြီးတစ်လက်လက်တောက်ပနေသည့် လယ်ဆွဲ

ထို့နောက် မြကျောက်တစ်လုံးတည်းပါပြီး စိန်ကွတ်ထားသည့် သရဖူ

ဆံကေသာအား ကျောက်စိမ်းဖြင့် ထွင်းထုထားသော ဆံထိုး

ကမ်ဂျွန်းရဲ့မျက်လုံးထဲတွင်

နက်မှောင်သည့်မျက်လုံး မျက်ခုံး
စတွေ့ကတည်းက မိန်းမငယ်လို့တောင်ထင်ရသည့် အညိုပျောပျော့ကေသာ
နှင်းဆီကဲ့သို့နီရဲနေသည့်နှုတ်ခမ်းပါးတစ်ဆုံ
ရွှေရောင်အဆင်ရှိသည့်အသားအ‌ရေ
နတ်သမီးတစ်ပါးအလား

" မင်းသိပ်လှတယ် ကိုယ့်အချစ် "

မသိစိတ်ကပြောတယ်ထင်ရပေမဲ့ လက်တွေ့မှာပါနှုတ်ကထွက်သွားသည့် နုနုညံ့ညံ့ စကားလုံးများ

" အိုး သားတော် မင်းတော့သွားပြီ "

ဆိုသော ခမည်းတော်ရဲ့ စကားကြောင့် ရှက်စိတ်တစ်ဖွားဖွား

ဒီလိုနှင့် အဆောင်တော်ပြန်ရာလမ်းတွင်

" ကမ်ဂျင် မဟုတ်ဘူး ကိုယ့်အချစ် ကိုယ်မင်းကိုသိပ်မြတ်နိုးပါတယ် ကိုယ့်ကို စိတ်ရရင်းအမှန်နဲ့လက်ခံစေချင်တယ် အတင်းအကြပ်မတောင်းဆိုပါဘူး မင်းရဲ့အသိအမှတ်ပြုတာတော့ကိုယ်လိုချင်တယ် "

ကမ်ဂျင်စိတ်ထဲ လန့်တောင်သွားသည် သူက ချစ်ခွင့်ပန်နေတာလား ငါပြန်ပြောရမယ်စကား ပြောစရာတောင်မရှိစေအောင် မင်းငါ့ကိုပြုစားလိုက်တာလား

"........"

"မင်းကိုယ့်ကိုအနည်းငယ်တော့စိတ်ထဲထားပြီးစဉ်းစားပေးပါ "

ကမ်ဂျင်းခေါင်းသာညိမ့်လိုက်သည်

လမ်းတစ်လျောက်လုံးလမ်း စကားဆက်မပြောခဲ့ဖြစ်ကြပါ

သက်ကြီးဆုံတွဲ

ဆက်ရန်ရှိသေးသည်

#kimjoon_and_kimjin

ကိုယ့်ကိုလက်ထက်ခဲ့တာနောင်တရလားWhere stories live. Discover now