Unicode
နှလုံးသားအရှင်သခင်ရဲ့အငြှိုး
Part.1
2003ခုနှစ်၊အောက်တိုဘာလ၊30ရက်နေ့။
''ကျွန်တော်မလုပ်ဘူး အဲဒါကျွန်တော်လုပ်တာမဟုတ်ပါဘူး...အဲဒါကထက်နိုင်ဆိုတဲ့ကောင်လုပ်တာပါ''
''ယောကျ်ား''
''အဖေ...အီးဟီး အဖေ''
''မိန်းမ ငါ့ကိုကယ်ပါဦးဟာ အဲဒါတစ်ကယ်ငါလုပ်တာမဟုတ်ဘူး''
ရဲတွေဆွဲခေါ်ရာနောက်ကိုအော်ဟစ်ငိုယိုကာပါသွားသောအဖေဖြစ်သူကိုကြည့်ပြီး သူမျက်ရည်တွေကျလာရလေ၏။
''ယောကျ်ား အီးဟီး...ကျွန်မယောကျ်ားကိုမဖမ်းပါနဲ့ သူလုပ်တာမဟုတ်ပါဘူး''
အဖေ့နောက်ကနေငိုပြီးပြေးလိုက်သွားသောသူ့အမေအား သူနောက်ကနေလိုက်မဆွဲမိပါ။
ဒါဟာ သူတို့မိသားစုရဲ့ဘယ်လိုကံဆိုးမှုကြီးလဲ''
•••
သူတို့မိသားစုရဲ့မဟာတံတိုင်းကြီးမှာ အက်ကြောင်းရာတွေထင်ဟပ်လာပြီး နောက်ဆုံး...
''သနားပါတယ်တော်...ထောင်ဒဏ်နှစ်သုံးဆယ်တောင်ကျခံရတာတဲ့''
''တော်ကတစ်ကယ်ပဲသူမလုပ်ဘူးဆိုတာကိုယုံတယ်ပေါ့''
''ဟဲ့...မြင့်ကျော်ဆိုတာငါတို့နဲ့သိလာတာဆယ်စုနှစ်ရှိပြီ...သူ့အကြောင်းကိုငါတို့သိတာပေါ့အေ့ သူကလူရိုးလူအေးကြီးပါ အခုကလည်းသူများချောက်ချခံရတာနေမှာ ငွေများတရားနိုင်လေ သိတယ်မလား''
''ကျုပ်ကတော့လေ အဓမ္မပြုကျင့်ခံခဲ့ရပြီးသေသွားတဲ့မိန်းကလေးကိုပဲသနားတယ်...သူ့မှာနှစ်နှစ်အရွယ်ညီမလေးရှိတယ်တဲ့ သူ့ခမျာညီမလေးကိုစိတ်ချပါ့မလားပဲ''
''သူ့ညီမလေးကရော''
''သူတို့အမျိုးကခေါ်သွားတယ်တဲ့''
''သူတို့မှာမိဘတွေမရှိကြတော့ဘူးလား''
''သူ့အဖေကသူ့အမေအငယ်လေးကိုကိုယ်ဝန်စဆောင်နေတဲ့အချိန်မှာပဲပိုးထိပြီးဆုံးသွားတယ်တဲ့...သူ့အမေကလည်းမီးတွင်းထဲမှာပဲဆုံးသွားပြီး အဲ့ကောင်မလေးကပဲသူ့ညီမလေးကိုစောင့်ရှောက်ပေးနေတာတဲ့''
YOU ARE READING
နှလုံးသားအရှင်သခင်ရဲ့အငြှိုး[ongoing]
Romance''ငါမင်းကိုချစ်တယ်လို့များပြောခဲ့မိလို့လား'' သိင်္ခ ''ကေ့ရဲ့နှုတ်ကပထမဆုံးထွက်လာတဲ့ မုန်းတယ်ဆိုတဲ့စကားက ကိုကို့အတွက်ဖြစ်နေမယ်လို့မထင်ထားမိဘူး'' ...