Ep.2

895 33 1
                                    

Unicode

နှလုံးသားအရှင်သခင်ရဲ့အငြှိုး

Part.2

''ကြွပါရှင်...ဘာများလိုအပ်ပါသလဲ''

သူဆိုင်ထဲဝင်လိုက်သည်နှင့်အ​ရောင်းဝန်ထမ်းမိန်းကလေးတစ်ဦးကကြိုဆို၏။

ဒါပေမယ့်သူလိုက်ရှာမိတာကတစ်​ယောက်သောသူကို။

သူမျက်လုံးကိုဝေ့ဝဲရှာကြည့်တော့ သူတွေ့ချင်နေတဲ့သူက ကောင်တာမှာစာရင်းတွေတွက်ရင်းအလုပ်ရှုပ်နေပုံရသည်။

သူလည်းကောင်တာနဲ့အနီးဆုံးထိလျှောက်သွားလိုက်ပြီးမှ...

''ဒီမှာဘာတွေရလဲ''

ဟူ၍မေးလိုက်ရာ သူ့နောက်​ကနေထပ်ကြပ်မကွာလိုက်နေတဲ့မိန်းကလေးက...

''အစုံပါပဲရှင့်...ကလစ် ခေါင်းစည်းကြိုး ဆွဲကြိုး လက်စွပ် ဟန်းချိန်း မျက်မှန် ပြီးတော့ကီးချိန်းနဲ့အိတ်တွေလည်းရတယ်ရှင့် အစ်ကိုကဘာလိုချင်တာလဲ ညီမရှာပေးပါမယ်''

''ကေ့ကိုလိုချင်တာ''

သူထိုစကားအား ကေသရီ့ကိုကြည့်ကာပြောလိုက်သည်ဖြစ်ရာ သူ့စကားဆုံးတော့ကေသရီကသူ့ကိုမော့ကြည့်လာလေ၏။

''ကေပုံစံလော့ကတ်နဲ့ဆွဲကြိုးကိုပြောတာ''

''ဪဟုတ်ကဲ့...ပြပေးမယ်ရှင့် ဒီဘက်ကိုကြွပါ''

သူကေသရီ့ကိုစူးစူးစိုက်စိုက်ကြည့်ခဲ့ပြီး ဝန်ထမ်းမိန်းကလေးနောက်သို့လိုက်သွားလိုက်၏။

ကေကလည်းသူ့အကြည့်စူးစူးတွေကြားမှာလူကရှိန်းတိန်းဖိန်းတိန်းဖြစ်ပြီးထိုအကြည့်ပိုင်ရှင်ကိုပါအာရုံစိုက်မိသွားသည့်အဖြစ်။

သူ့အကြည့်တွေကလည်းတစ်မျိုးပဲ။

•••

''ထွက်သွား!''

ကေအိမ်ပြန်ရောက်သည်နှင့်မေမေ့ရဲ့အသံကျယ်ကျယ်ကစီးကြိုနေသည်ပင်။

ကေလည်းအိမ်ထဲအမြန်ဝင်ခဲ့လိုက်တော့ မေမေက ဆိုဖာမှာထိုင်​​နေတဲ့ဖေဖေ့ကိုဒေါသတကြီးရပ်ကြည့်နေတာကိုတွေ့လိုက်ရ၍ အတော်လေးကိုအံ့သြယူသွားရသည်။

နှလုံးသားအရှင်သခင်ရဲ့အငြှိုး[ongoing]Where stories live. Discover now