Unicode
နှလုံးသားအရှင်သခင်ရဲ့အငြှိုး
Part.5
အရင်ထက်ရင်းနှီးလာတဲ့ဆက်ဆံရေးကြားမှာ ကေ့ရဲ့နှလုံးသားကလည်းသိင်္ခဆိုသူထံသို့ယိမ်းယိုင်စပြုလာခဲ့ပါပြီ။
ဟင့်အင်း...လုံးဝကိုယိမ်းယိုင်ပျော်ဝင်သွားတာပါ။
အခုဆိုရင်သူ့အိမ်ကိုပါလိုက်လည်တဲ့အတင့်ထိပင်ရောက်နေပါပြီ။
''ရှင့်အိမ်ကတော်တော်လေးခမ်းနားတာပဲနော်''
''သဘောကျလား...သဘောကျရင်ဒီအိမ်ကိုအပိုင်သိမ်းပြီး ဒီအိမ်ရဲ့အရှင်သခင်မလာလုပ်လေ''
''မလုပ်နိုင်ပါဘူး...ကေပြောပြီးသားလေ...ရှင့်ကိုလေ့လာဦးမှာလို့ ကေကအချစ်ရေးကိစ္စတွေမှာအတွေ့အကြုံရှိတာမဟုတ်ဘူး...အဲတော့တစ်ခုခုမှားသွားမှာကိုကြောက်တယ် ရှင့်ရဲ့စိတ်ရင်းအမှန်ကိုလည်းကေကသိရတာမဟုတ်ဘူး''
''အခုကိုယ်မင်းကိုစိတ်ရင်းအမှန်တွေထုတ်ပြနေတာပဲလေကေရဲ့''
''ဟန်ဆောင်နေတာဖြစ်မှာစိုးလို့ပေါ့''
သူမစကားကသူ့ကိုအတိအကျပြီးစွပ်စွဲနေတာမို့ သူ့မှာမလုံမလဲဖြစ်သွားရသည်။
''ကိုယ်ဟန်မဆောင်တတ်ပါဘူး...မင်းအပေါ်ထားရှိတဲ့ကိုယ့်ရဲ့နှလုံးသားကစစ်မှန်ပါတယ်...မင်းယုံအောင်ကိုယ်ဘယ်လိုတွေသက်သေပြရဦးမလဲကေ...ကိုယ်မင်းဘေးမှာရှိနေတဲ့အချိန်ကာလအတွင်းမှာ ကိုယ့်ရဲ့အပြုအမူတွေကယုံအောင်လုပ်ပေးဖို့လုံလောက်ခဲ့မှာပါ...ဟုတ်တယ်မလား''
ကေပြန်မဖြေဘဲခေါင်းလေးမသိမသာငုံ့ကာနှုတ်ဆိတ်နေလိုက်သည်။
''ကေ...ကိုယ့်ကိုလက်ခံပေးပါတော့လား...ကိုယ်ကြာရင်ရူးတော့မယ် ကေ့ကိုမပိုင်ဆိုင်သေးတဲ့အချိန်မှာ ကေ့ကိုအပြီးတိုင်လက်လွှတ်လိုက်ရမယ့်အဖြစ်ကိုကိုယ်ကြောက်နေမိတယ်...ကိုယ့်ကိုထပ်ပြီးမညှင်းဆဲပါနဲ့တော့လား...ကိုယ်ဒီလောက်အကြာကြီးစောင့်ပြီးပြီလေ''
''ကေ့ကိုအချိန်ထပ်မပေးချင်ဘူးလားဟင်''
''မပေးချင်တော့ဘူး...ကိုယ်ကေ့ကိုတစ်ကယ်ပိုင်ဆိုင်ချင်နေပြီကေရဲ့...ကိုယ့်ကိုလက်ခံပါတော့''
YOU ARE READING
နှလုံးသားအရှင်သခင်ရဲ့အငြှိုး[ongoing]
Romance''ငါမင်းကိုချစ်တယ်လို့များပြောခဲ့မိလို့လား'' သိင်္ခ ''ကေ့ရဲ့နှုတ်ကပထမဆုံးထွက်လာတဲ့ မုန်းတယ်ဆိုတဲ့စကားက ကိုကို့အတွက်ဖြစ်နေမယ်လို့မထင်ထားမိဘူး'' ...