Unicode
နှလုံးသားအရှင်သခင်ရဲ့အငြှိုး
Part.8
မထင်မှတ်တာတွေဖြစ်ပြီးသည့်နောက်ပိုင်းမှာ ကေ့အနေနဲ့လက်ရှိအခြေအနေကိုပဲအကောင်းဆုံးရှင်သန်ဖို့သာတွေးခဲ့ရသည်။
သူမဘဝကဆုပ်လည်းစူးစားလည်းရူးအခြေအနေကိုရောက်နေပြီပဲလေ။
''မင်းဘယ်လဲ''
ကေ ဆိုင်သွားဖို့ပြင်ဆင်ပြီးထွက်လာတော့ကိုကိုကမေးလာခြင်းပင်။
''ဆိုင်သွားမလို့လေ''
''မင်းကိုဘယ်သူကခွင့်ပြုလို့လဲ''
သူ့စကားကကေ့အားအတော်လေးမခံမရပ်နိုင်ဖြစ်နေခဲ့တာတော့အမှန်ပင်။
''ဘာပြောလိုက်တယ်ကိုကို''
''ငါ့ကို'ကိုကို'လို့ထပ်ခေါ်ရင် မင်းကိုအစာအငတ်ထားပစ်မယ် အဲဒါမယုံမရှိနဲ့''
ကေနှုတ်ခမ်းကိုခပ်တင်းတင်းစေ့ထားလိုက်မိ၏။
''ဒီမှာကိုသိင်္ခ...ရှင်ကျွန်မကိုအလုပ်ကိစ္စအထိလာပြီးချုပ်ကိုင်လို့မရဘူး''
''ဟုတ်လား...မင်းဆိုင်တစ်ခုလုံးရစရာမရှိအောင်ပျက်စီးပြီး မင်းဝန်ထမ်းတွေဒုက္ခရောက်မှာကိုမြင်ချင်ရင်လည်းလုပ်လိုက်ပေါ့''
''ဘာ!''
''နားလေးနေလား...မင်းအိမ်ထဲကနေခြေတစ်လှမ်းရွေ့တာနဲ့ မင်းကြိုးစားထားသမျှအရာအားလုံးကို ငါကဖျက်စီးပစ်မှာ...မင်းသတ္တိရှိရင်စမ်းလိုက်ပေါ့''
ကေပုခုံးပေါ်ကပိုက်ဆံအိတ်ကိုကြမ်းပေါ်ပစ်ချပြီး သူ့ရှေ့တည့်တည့်ကိုလျှောက်လာကာ...
''ရှင်ကတော်တော်ကြောက်စရာကောင်းတဲ့သူပဲသိင်္ခ...ရှင်ကကျွန်မအချစ်နဲ့တစ်ကယ်ကိုမတန်ဘူး''
''ဟားဟား...ဘာအချစ်လဲ...ထွီ ငါ့ရှေ့မှာရွံစရာတွေလာမပြောနဲ့''
သူ့အပြုအမူနဲ့စကားလုံးတွေက သူမရင်ကိုအစိမ်းလိုက်ခွဲပြီးသွေးစိမ်းရှင်ရှင်ထွက်စေခဲ့လေသည်။
''မင်းရဲ့ခမ်းနားလွန်းတဲ့အချစ်တွေက ငါ့ရဲ့အာဃာတတွေကိုချေဖျက်မပေးနိုင်ဘူး မင်းနားလည်လား!''
YOU ARE READING
နှလုံးသားအရှင်သခင်ရဲ့အငြှိုး[ongoing]
Romans''ငါမင်းကိုချစ်တယ်လို့များပြောခဲ့မိလို့လား'' သိင်္ခ ''ကေ့ရဲ့နှုတ်ကပထမဆုံးထွက်လာတဲ့ မုန်းတယ်ဆိုတဲ့စကားက ကိုကို့အတွက်ဖြစ်နေမယ်လို့မထင်ထားမိဘူး'' ...