Unicode
နှလုံးသားအရှင်သခင်ရဲ့အငြှိုး
Part.3
ကေအိမ်ပြန်ရောက်တော့ ဟိုလူထားခဲ့အိတ်လေးကိုအခန်းထဲထိယူခဲ့ပြီးမှ အထဲကလက်စွပ်ဗူးလေးကိုထုတ်ကြည့်လိုက်၏။
လက်စွပ်ကဒေစီပန်းပွင့်ပုံလေးမို့ကေ့နှုတ်ခမ်းလေးတွေကပြုံးရိပ်သမ်းသွားရသည်ထိပင်။
''ငါကြိုက်တဲ့ပန်းပဲ...ဒီလူကတစ်ကယ်ပဲဘာလဲ''
ကေလည်းဘာရယ်မဟုတ် ထိုလက်စွပ်လေးကိုလက်သန်းကြွယ်မှာစွပ်ကြည့်လိုက်တော့သူမလက်နဲ့ကကွက်တိဖြစ်နေသည်။
''အဟင်း...ငါ့လက်နဲ့လိုက်သားပဲ...ဒါပေမယ့် ပိုင်ရှင်ကိုပြန်ပေးရမှာပေါ့''
ကေချက်ချင်းပဲလက်စွပ်လေးကိုပြန်ချွတ်ပြီးဗူးထဲပြန်ထည့်ထားလိုက်၏။
အဲဒီ့လူ သူမဆီပြန်လာလောက်မှာပါ။
ဒါပေမယ့်.....
ကေထင်တာလွဲသွားသည်။
အဲဒီလူကကေ့ဆီကိုတစ်ပတ်ကျော်လောက်ထိရောက်မလာခဲ့ပါဘူး။
သူလက်စွပ်ပေးခဲ့ပြီးကိုးရက်မြောက်နေ့မှပဲသူမထံသို့ပြန်ရောက်လာ၏။
အဲဒါကလည်းကေ့ဆိုင်ကိုမဟုတ်ဘဲ ကေနေ့လည်စာစားနေတဲ့စားသောက်ဆိုင်ကိုရောက်လာတာပါ။
''ကေ...''
''ဟင်...ရှင်''
သူကခပ်တည်တည်နဲ့ပဲကေ့ရှေ့မှာဝင်ထိုင်လိုက်၏။
''ကျွန်မဒီမှာရှိတာကိုရှင်ဘယ်လိုသိလဲ''
''ကိုယ်ကမင်းဘေးမှာအရိပ်လိုအမြဲရှိနေတာပါကေရဲ့''
''ဒီမှာ ရှင်နဲ့ကျွန်မကမရင်းနှီးဘူးနော်''
''အခုရင်းနှီးလိုက်ကြမယ်လေ ကိုယ့်နာမည်ကသိင်္ခပါ...မင်းကကေသရီနော်''
''.......''
''လက်စွပ်ကတော်ရဲ့လား''
''ရှင်မနက်ဖြန်ကျရင်ဆိုင်ကိုလာခဲ့ပါ ရှင့်လက်စွပ်ပြန်လာယူလှည့်''
''မင်းအတွက်ပေးတာလေ...မင်းပိုင်တယ်...မင်းအကြိုက်ဒေစီလေး''
''ရှင်ဘယ်လိုလုပ်ပြီးသိတာလဲ''
YOU ARE READING
နှလုံးသားအရှင်သခင်ရဲ့အငြှိုး[ongoing]
Romance''ငါမင်းကိုချစ်တယ်လို့များပြောခဲ့မိလို့လား'' သိင်္ခ ''ကေ့ရဲ့နှုတ်ကပထမဆုံးထွက်လာတဲ့ မုန်းတယ်ဆိုတဲ့စကားက ကိုကို့အတွက်ဖြစ်နေမယ်လို့မထင်ထားမိဘူး'' ...