'ပါပါး အနားယူအိပ်စက်ပါ'
တစ်ချိန်တည်းမှာပဲ နန်းပြင်ဘက်ကနေ ဧကရာဇ်က သတင်းရ၏။ရန်အန်းကုန်းကုန်းမှ လေျှာက်တင်ချက်အဆံုး၌ နန်းတွင်းသို့ အမြန်ပြန်လာကြသည်။ ပြန်ရောက်ရောက်ချင်း ဖေးယွမ်ရွှင်းကို အမြန်ဆုံးဆင့်ခေါ် စေသည်။
ချီယွဲ့တို့ လူတစ်စုမှာ အဖြစ်မှန်များ သိသွားကြပြီးနောက် စိတ်နှလုံးမချမ်းမြေ့စွာ ငိုကုန်၏။ ရှန်တာ့ ခေါင်းကိုက်နေတော့၏။
ရေမိုးချိုးပြီးနောက် ဝေကျစ်ချန်၏ နဂိုရုပ် ပေါ်လာသည်။
ပိန်ပါးနေပေမယ့် လှပတဲ့ အမျိုးသားတစ်ဦးဖြစ်မှန်း သိနိုင်သည်။ ရှန်လျန်နဲ့ မျက်နှာေပါက်ချင်း အလွန်ဆင်တူပြီး တစ်ယောက်ကပိန်၊ တစ်ယောက်ကပြည့်ဖြိုးနေတာပဲကွာ၏။ ဝေကျစ်ချန်သာ ပြန်လည် ထူထောင်နိုင်သွားလျှင် မျက်လုံးအကြည့်ကလွဲလို့ သားအဖနှစ်ဦး ရုပ်တထေရာတည်းဖြစ်လောက်သည်။ ဘာကြောင့်ဆို ရှန်လျန့်တွင် ခံစားချက်မဲ့သော မျက်ဝန်းများရှိပြီး ဖခင်တွင် နူးညံ့သိမ်မွေ့သည့် မျက်ဝန်းပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။ ရှန်ရွေ့ထင်နဲ့ တစ်ကယ် မထိုက်တန်ပေ။
ရှန်လျန်တို့ ဖခင်ကိုခေါ်ထွက်လာတာနဲ့ ဖုရင်အပါအဝင် လူငယ်များစွာက တုံ့ဆိုင်းခြင်းမရှိ သခင်၊ ဝေသခင်၊သခင်မ စသဖြင့်ခေါ်ကာ နှုတ်ဆက်ဂါရဝပြုကြသည်။
"အားလုံးထကြပါ၊ ပါပါးက တင်းကြပ်တဲ့သူမျိုး မဟုတ်ပါဘူး"
ဝေကျစ်ချန်ရဲ့ မျက်ဝန်းတွေကြောင့် ဖခင်အစား ပြောပေးလိုက်သည်။
"အကုန်လုံးနဲ့ မိတ်ဆက်ပေးမယ်.. ဒါက ကျွန်တော့်ပါပါး ဝေကျစ်ချန်၊ လတ်တလော ပါပါးက ခြေလက်မလှုပ်ရှားနိုင်သေးဘူး၊ စကားပြောဖို့လည်း အဆင်မပြေသေးဘူး၊ဒါေကြာင့် အားလုံး ဂရုစိုက်ပေးကြပါဦး"
"ဟုတ်ကဲ့!"
လူများစွာက မျက်ဝန်းတွေနီလျက် အပိုစကားမပြောကြချေ။ သူတို့ရဲ့ လျှာရှည်ခြင်းက ဝေကျစ်ချန်ကို ခြောက်လှန့်မိမှာစိုး၍ပင်။
YOU ARE READING
ရှန်လျန် Part 2
Historical Fictionပြန်လည်ရှင်သန်လာတဲ့ ရှန်လျန်နဲ့ သူ့ရဲ့ကလဲ့စားချေမှုမှာ အတူပူးပေါင်းကူညီပေးတဲ့ ဖေးယွမ်ရွှင်းတို့ နှစ်ဦး ရန်သူတွေကို အကွက်ကျကျ ဘယ်လိုတိုက်ခိုက်မလဲ... အဆုံးသတ်မှာ သူတို့ဘဝ ဘာဆက်ဖြစ်ကြမလဲ ဝါသနာအရ ဘာသာပြန်ပေးခြင်းသာ#