'ပြန်ပေါင်းမလား၊ ကွာရှင်းမလား'
လူကို မောင်းထုတ်လိုက်ပြီးသော်လည်း သခင်မကြီးလက်ထပ်စဉ်က ခန်းဝင်ပစ္စည်းများကိုစီမံရန် ကျန် နေသေး၏။ တုံးလင်အိမ်တော်က ထိုရတနာများကို ဘယ်လိုနည်းနဲ့မှ ဆက်လက်ထိန်းသိမ်းထားမှာမဟုတ်ပါ၊ ထို့အပြင် ရှန်ချောင်နဲ့ရှန်ကျင်းတို့ လက်ထပ်စဉ်က မျက်နှာမငယ်ရလေအောင် လုယန်နဲ့ ကေျာက်လန်က သူတို့ရဲ့ကိုယ်ပိုင်ခန်းဝင်ပစ္စည်းအပါအဝင် သခင်မကြီးရဲ့ရတနာတွေအတော်များများ ယူပြီးထည့်ပေးခဲ့သေး၏။ ကျန်နေသေးတဲ့တချို့ကို ရှန်ရွေ့ချင်က မယားငယ်တွေဆီလက်ဆောင်ပေးခဲ့ပြီး အစအနတွေကိုတော့ ဒေါ်လေးစွင်းက ရောင်းစားပစ်လိုက်သည်။
တချို့သောကိစ္စတွေက လူသိရှင်ကြားဖြစ်အောင် တကူးတကလုပ်ရန်မလိုပဲ ပြည်သူတွေက အလိုလိုသိကြသည်။ အဖွားကြီး တုံးလင်အိမ်မှာ ဆက်မနေသည့်ကိစ္စသာ မပေါက်ကြားခြင်းဖြစ်၏။ သို့ဖြစ်ရာပြည်သူများက နေ့စဥ်နေ့တိုင်း တံခါးရှေ့ရောက်လာပြီး မမောနိုင်မပန်းနိုင် ရန်ထောင်ကြသည်။မကြောက်မလန့် အပြင်ထွက်မိလိုက်ပါက ဝိုင်းသမခံရကာ ပွဲချင်းပြီးနိုင်သည်။
အဲ့ဒါအပြင် ဧကရာဇ်နှင့်ပတ်သက်ပြီး ရယ်ရတာတွေ ရှိသေးသည်။ အရှင်မင်းကြီးက နာမကျန်းခြင်းကြီးစွာဖြစ်သဖြင့် ဟော်ရယ့်လင်တို့အတွက် အောင်ပွဲကျင်းပပေးရန်အစီအစဉ်အား ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်သည်။
တော်သေး၍ စတုတ္ထမင်းသား၏အမှုကိုတော့ဆက်လက်စုံစမ်းစေခဲ့သည်။ တော်ဝင်မင်းညီမင်းသားများက ချင်ယွင်ရှန်းအပေါ် တိတ်တဆိတ်အပြစ် ပုံချရန်စီစဉ်ခဲ့ကြပြီး စတုတ္ထမင်းသားမှာတော့ ထောင်ချောက်ထဲ နစ်သထက်နစ်လာသည်။
"လူတွေရဲ့နားလည်ပေးနိုင်စွမ်းက တစ်ကယ်တိုးတက်လာတယ်၊ တော်တော်များများ အစ်ကို့ရဲ့ဖြစ်တည်မှုကို လက်ခံကြတယ်"
ရှန်လျန်နဲ့ ဟော်ရယ့်လင်တို့ ဧည့်ခန်းမှာထိုင်ကာ ထွေရာလေးပါး ပြောနေကြခြင်းဖြစ်၏။ရှန်တာ့က စစ်တန်းလျားသို့ အလုပ်ကိစ္စရှိ၍သွားသည်။ ဖေးယွမ်ရွှင်းမူ ခုတလော ဘာတွေအလုပ်ရှုပ်နေလဲမသိ တစ်ရက်မှ ပေါ်မလာ၊ ရယ့်လင်ကောရဲ့ ဖြစ်တည်မှု ကြေငြာခံလိုက်ရပြီးနောက်မှာ မင်းမှုထမ်းများအကြား အတော်လေး ဂယက်ရိုက်ခဲ့သည်။ စစ်နတ်ဘုရားဟော်ရယ့်လင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ 'ကော'လူသားကို ဆက်စပ်မရဖြစ်ကုန်သည်။
YOU ARE READING
ရှန်လျန် Part 2
Tiểu thuyết Lịch sửပြန်လည်ရှင်သန်လာတဲ့ ရှန်လျန်နဲ့ သူ့ရဲ့ကလဲ့စားချေမှုမှာ အတူပူးပေါင်းကူညီပေးတဲ့ ဖေးယွမ်ရွှင်းတို့ နှစ်ဦး ရန်သူတွေကို အကွက်ကျကျ ဘယ်လိုတိုက်ခိုက်မလဲ... အဆုံးသတ်မှာ သူတို့ဘဝ ဘာဆက်ဖြစ်ကြမလဲ ဝါသနာအရ ဘာသာပြန်ပေးခြင်းသာ#