ညီအစ်ကိုတတွေ ပူးပေါင်းတွန်းအားပေး
ရှေးယခင်ထဲက အိမ်ထောင်စုစာရင်းခွဲပစ်ဖို့ မပြောနှင့်၊ မိဘများကို ရိုသေလေးစားကာ ဦးထိပ်ထားခဲ့ကြသည်။ သို့ကြောင့် မိသားစုများစွာက ဤသို့မိသားစုဝင် များစွာဖြင့် နေထိုင်ကြသည်မှာ ပုံမှန်ပင်။ရှန်ရွေ့ထင်အတွက် မူလက သွေးမတော်သည့်မိခင်က ညီနှစ်ယောက်ကို မျက်နှာလိုက်မှန်းသိသော်လည်း ခုလိုဆုံးဖြတ်ချက်မချခဲ့။
မိခင်က သူ့သားကိုသတ်ရန်ကြံစည်ခဲ့ချိန်မှာတော့ မိသားစုစာရင်းခွဲဖို့ အတွေးရှိခဲ့သည်။ မိခင် မေ့မျောသွားသောအချိန်မှာလည်း သားအမိသံယောဇဉ်ကို ထောက်ပြီး အကြီးအကဲများအား တွေ့ဆုံခြင်းမပြုခဲ့၊သို့နှင့် မနေ့ညကသိလိုက်ရသည့် အလွန်ရက်စက်လှသော အမှန်တရားက မိခင်အပေါ်လက်ကျန် လေးစားခြင်း ပျောက်ဆုံးသွားစေခဲ့ကာ အမုန်းတရားသာကျန်ရစ်ခဲ့သည်။
ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် ရှန်ကျီအား နောက်တစ်ရက်တွင်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန် အကြီးအကဲများကို ဖိတ်ကြားစေခဲ့သည်။
တုံးလင်အိမ်တော်၏ ဧည့်ခန်းမကျယ်တွင်ဖြစ်၏။ မနေ့ညက ထိချက်ပြင်းပြင်းရခဲ့သည့် ရှန်ရွေ့ထင်မှာ တစ်ညလုံးအိပ်မပျော်ခဲ့သဖြင့် ဆယ်နှစ်စာလောက်ပိုအိုစာနေသယောင်။
အိမ်တော်ထိန်း ရှန်ကျီမှ ဖိတ်ခေါ်ရသည့် အကြောင်းရင်းကို အကြီးအကဲများအားရှင်းပြနေစဉ်မှာတော့ ရှန်ရွေ့ထင် အသိစိတ်ကပ်ထားကာ မိခင်နှင့် ရှန်ရွေ့ကျန်းကို အခေါ်လွှတ်သည်။
အကြီးအကဲများက တုံးလင်သခင်မကြီး၏ ကိုယ့်ဂုဏ်သိက္ခာမှမထောက် တရားဝင်ချွေးမကို လုပ်ကြံသည့်အပေါ် အလွန်အံ့အားသင့်ခဲ့ကြသည်။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး အမတ်ကြီးက မိခင်အားစွန့်ပစ်မည်ဆိုတော့ ပြောစရာစကားမဲ့ရပြန်သည်။ ကိစ္စက သေးသေးလေးမဟုတ်ပေ။ ရှန်မျိုးရိုးစဉ်ဆက် အမည်းစက် တွင်ကျန်နိုင်သည်။
"ရွေ့ထင် ...အမှားလုပ်သူက လုပ်ခဲ့တယ်ဆိုပေမယ့် အကျိုးဆက်က သူတစ်ယောက်ထဲနဲ့ မပြီးဘူးနော်၊ ရွေ့ကျန်းကသူ့သားဆိုတော့ အိမ်ထောင်စုစာရင်းသာခွဲလိုက်ရင် သခင်မကြီး ရော၊ ရှန်ရွေ့ကျန်းပါ အိမ်ကထွက်ပေးရမှာ"
YOU ARE READING
ရှန်လျန် Part 2
Ficción históricaပြန်လည်ရှင်သန်လာတဲ့ ရှန်လျန်နဲ့ သူ့ရဲ့ကလဲ့စားချေမှုမှာ အတူပူးပေါင်းကူညီပေးတဲ့ ဖေးယွမ်ရွှင်းတို့ နှစ်ဦး ရန်သူတွေကို အကွက်ကျကျ ဘယ်လိုတိုက်ခိုက်မလဲ... အဆုံးသတ်မှာ သူတို့ဘဝ ဘာဆက်ဖြစ်ကြမလဲ ဝါသနာအရ ဘာသာပြန်ပေးခြင်းသာ#