'ဧကရာဇ်အား တစ်ကွက်ပြ'
"သူက နန်းလုချင်တာလား"ဧကရာဇ် အမျက်ထွက်နေသည်။ ဘဝတစ်လျှောက်လုံး တစ်ပါးသူက နန်းလုမှာကိုစိုးရိမ်ခဲ့ရပေမယ့် သားတော်က သားလိမ္မာလေးလို သူ့ကိုလေးစားဟန်ဆောင်ပြီး ရှေ့ကွယ်ရာမှာတစ်မျိုး နောက်မှာတစ်မျိုးလုပ်နေတာတဲ့လား၊ နန်းသိမ်းဖို့ အစီအစဉ်တွေဆွဲပြီး အနောက်မြောက်နယ်စပ်ထိ ခြေဆန့်နိုင် နေပြီ။ အမျက်ဒေါသမထွက်ပဲ ဘယ်နေမလဲ!
"အရှင်မင်းကြီး စိတ်လျှော့တော် မူပါ"
ဝန်မင်းတွေအပါအဝင် အားလုံးဒူးထောက်လိုက်ကြသည်။ရှန်တာ့က သူ့ဘေးမှာ ဒူးထောက်နေတဲ့ရယ့်လင်နဲ့ အချင်းချင်းမျက်စ ပစ်လိုက်သည်။ သူတို့နဲ့ စတုတ္ထမင်းသားတို့ တိုက်ပွဲ စတင်လေပြီ။
"အန်းကုန်းကုန်း ဥပဒေအမတ်ကြီးယန်ထန်းယွိကို ဆင့်ခေါ်လိုက်၊ သိတတ်လွန်းတဲ့ သားတော်လေး အရှုပ်တွေဘယ်လောက်လုပ်ထားလဲဆိုတာ ကိုယ်တော်သိချင်နေပြီ"
"အမိန့်အတိုင်းပါ!"
ရန်အန်းကုန်းကုန်းက အရှင့်ရဲ့စိတ်ကို ကောင်းစွာသိသူမို့ အများနည်းတူ ဒူးထောက်နေရာက သွက်သွက်လေးထကာ အမိန့်ဆောင်ရွက်ရန်ထွက်ခွာသွားသည်။ ရှန်တာ့တို့ကိုလည်း အံ့ဩမိသည်။ လက်ဆုပ်လက်ကိုင် သက်သေပြစရာလည်းမရှိပါပဲ ဧကရာဇ်ထံ မင်းသားတစ်ပါးအကြောင်း တိုင်တန်းဝံ့သည်။
တော်ဝင်မင်းသားအား မဟုတ်မမှန်စွပ်စွဲပြီး အမြင့်တက်လှမ်းနိုင်ဖို့ရာမလွယ်ကူသည့်အပြင် ကံဆိုးလျှင် ရှန်မိသားစုဝင်များက အရည်အချင်းအလုံအလောက်မရှိလျှင် ဧကရာဇ်ဖိနှိပ်တာခံရနိုင်သည်။ မြို့တော်ပြန်ရောက်လာတဲ့ ဝေမိသားစုဆိုရင်တော့ ဧကရာဇ်ကို အာခံနိုင်သည့် အရည်အချင်းပြည့်စုံသည်။
"အားလုံး ထကြပါ"
မည်မျှကြာသွားသည်မသိ ဧကရာဇ်က စိတ်ပျက်အားလျော့သည့်အသံဖြင့် လူတိုင်းကို ထနိုင်ပါပြီဟု မိန့်သည်။ဒူးထောက်နေသူအပေါင်း ပြိုင်တူ ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
YOU ARE READING
ရှန်လျန် Part 2
Ficción históricaပြန်လည်ရှင်သန်လာတဲ့ ရှန်လျန်နဲ့ သူ့ရဲ့ကလဲ့စားချေမှုမှာ အတူပူးပေါင်းကူညီပေးတဲ့ ဖေးယွမ်ရွှင်းတို့ နှစ်ဦး ရန်သူတွေကို အကွက်ကျကျ ဘယ်လိုတိုက်ခိုက်မလဲ... အဆုံးသတ်မှာ သူတို့ဘဝ ဘာဆက်ဖြစ်ကြမလဲ ဝါသနာအရ ဘာသာပြန်ပေးခြင်းသာ#