ဘ၀ကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့အမျိုးသားတစ်ယောက်ဟာ ကျင့်ဝတ်သိက္ခာရှိပြီးဖြောင့်မတ်တဲ့အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံကြတဲ့အခါ...
ဘာမှမရှိသူက ဘာမှ မလိုအပ်တဲ့သူနဲ့ တွေ့ဆုံကြတဲ့အခါ...
~~~~~~~~~~~~
သည်ဝတ္ထုရဲ့ဇာတ်ကောင်နှစ်ယောက်က ချစ်တင်းမနှောခင် ချိန်းတွေ့မှူသုံးကြိမ် ၊ လမ်းမခွဲခင် ချစ်တင်းနှောမှူ သုံးကြိမ် နဲ့ လက်ထပ်ပွဲမလုပ်ခင် သုံးနှစ်ကြာအထိ အတူတူရှိသွားကြတဲ့ အမျိုးသားနှစ်ယောက်ရဲ့ ဇာတ်လမ်းပါ။
ပြီးတော့ Airbus Pilots နှစ်ယောက်ကြားက ဖြည်းညင်းစွာဖြစ်တည်လာတဲ့အချစ်ရေးနဲ့ပတ်သက်တဲ့ခံစားချက်တွေဖြစ်ပါတယ်။
လေယာဥ်မှူးနှစ်ဦး။ အရင်အသက်မွေး၀မ်းကျောင်းကရေတပ်အခြေစိုက်လေယာဥ်မှူးဖြစ်ခဲ့ပြီးအခုလက်ရှိ အရပ်ဘက်လေကြောင်းလိုင်းမှာပထမအရာရှိ ဘားသုံးစင်းအဖြစ်နဲ့ Airbus A320 မော်ဒယ်တွေကိုမောင်းနှင်နေတဲ့လူ
ဒတ်ချ်တော်ဝင်လေကြောင်းလိုင်းပိုင် KLM ရဲ့ အသက်အငယ်ဆုံးလေယာဥ်မှူး Airbus A330 မော်ဒယ်တွေကို မောင်းနှင်နေတဲ့လူ
ဘဝရဲ့စိန်ခေါ်မှူကို ပြုံးပြုံးလေးနဲ့ ရင်ဆိုင်သော ပြိုင်ပွဲဝင်နဲ့ ဆင်ခြင်တုံ့တရားရှိရှိတိုက်ရိုက်ရင်ဆိုင်သော ပြိုင်ပွဲဝင်
ကျိုးချီချန်း (周其琛) x လန်ဖုန်း (郎峰)
---- Tailhook ဆိုတာက ရေတပ်အခြေစိုက် လေယာဥ်တင် Warshipတွေမှာ အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိန်းပေးတဲ့ကြိုးတစ်ချောင်းလို့ဆိုနိုင်ပါတယ်။ တိုက်လေယာဥ်တွေ ဆင်းသက်လာတဲ့အခါ Tailhook နဲ့ ဖမ်းထိန်းလိုက်တာနဲ့ ပြေးလမ်းချော်ထွက်မှူမရှိစေပဲ လေယာဥ်ရဲ့ဖိအားနဲ့အရှိန်ကို ပြေးလမ်းတိုက ခံနိုင်ရည်ရှိစေပါတယ်။ သည်လိုနည်းနဲ့ တိုက်လေယာဥ်တွေဟာ Warshipပေါ်မှာ အချိန်တိုအတွင်း ပျံသန်းဆင်းသက်နိုင်တာပဲဖြစ်ပါတယ်။
ကမ္ဘာနှင့်အဝှမ်းမှာ သည်လိုမျိုးအဖွဲ့ဝင်တွေအများစုက ရေတပ်လေယာဉ်တင်သင်္ဘောတွေပေါ်က လေယာဉ်မှူးများဖြစ်ကြပြီးတော့ သူတို့အဖွဲ့အစည်းကို Tailhook Associations လို့လည်း ခေါ်တွင်ကြပါတယ်။
သည်ဝတ္ထုရှည်ဟာ အဓိကအားဖြင့်ကျိုးချီချန်းဘက်ကနေ ခံစားသိမြင်ရတာတွေကိုရေးဖွဲ့ထားတာဖြစ်ပါတယ်။ သူ့ရဲ့Main Story ဖြစ်တဲ့ The Approach (从万米高空降临) ကနေ ခွဲထွက်လာတာပါ။
ကျွန်မအနေနဲ့သည်ဝတ္တုကို English Translation Team တစ်ခုဖြစ်တဲ့ " Hundred Blossoms " ကနေ အကျိုးအမြတ်မရှေးရှူတဲ့ မြန်မာဘာသာပြန်ဆိုမှူအဖြစ် ခွင့်ပြုချက်ရထားပါတယ်။
1. တစ်စုံတစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို ပရောပရည်အလွယ်လေးလုပ်ပြီးပြောင်းလဲသဘောကျသွားနိုင်တဲ့ အမျိုးသားတစ်ယောက်၊ ဘ၀မှာ အတည်တကျဆိုတာမရှိခဲ့ဖူးလေသူ။
2. နူးညံ့သိမ်မွေ့တဲ့အမျိုးသားတစ်ယောက်။ ဂုဏ်သိက္ခာတရားနဲ့ပြည့်စုံပြီးစိတ်နေစိတ်ထားမွန်မြတ်သူ။
-------
ဘာသာပြန်သူတွင်လောလောဆယ်ပြောစရာမရှိသေးပါ။