အခန်းနှစ် - ပစ္စုပန်ကာလ

236 35 16
                                    

ကျိုးချီချန်းဆိုသည်ကား အကြင်သူ့မျက်နှာကို စမြင်ရခြင်းတွင်ချောမောလှသည်ဟုမဆိုသာပေ ။ထိုအချက်အားသူ့ကိုစွဲလန်းဖူးသမျှကောင်ကလေးတွေအားလုံးကလက်ခံကြလေ၏။ အကြင်သူကအတော်လေးကြည့်ကောင်းလှသောရုပ်ရည်ကိုပိုင်ဆိုင်ထားလေပြီး ထူထဲလှသော မျက်ခုံးတစ်စုံအောက်တွင် မျက်လုံး၀ိုင်း၀ိုင်းလေးတစ်စုံလည်းရှိ၏။ သူကတော်ရုံပြုံးမပြတတ်ပေမင့် ပြုံးလိုက်လျှင်လည်း အနားရှိလူကိုပါ အပြုံးတို့ကူးစက်စွဲထင်စေနိုင်သောသူသာ ။

သို့သော် သူက မျက်နှာလေးတစ်ခုကိုအရင်းတည်ပြီးလူတွေကိုဆွဲဆောင်ဖို့မည်သည့်အခါမျိုးတွင်မှမလုပ်ခဲ့၏။ သူကအရမ်းကိုမှတော်ကာထက်မြက်လေပြီး ကစားရခြင်းကိုနှစ်သက်ကာ မည်သို့ကစားရမည်ဆိုသည်အားလည်းကောင်းကောင်းကြီးသိပေ၏။ သူ့မှာ သူငယ်ချင်းတွေအများကြီးရှိလေကာ သွားလေရာနေရာတိုင်းတွင် လှိုင်းထစေနိုင်သောသူဖြစ်သည်။ သူ၏ကိုယ်ပိုင်ကုမ္ပဏီ၊ နိုင်ငံခြားလေကြောင်းလိုင်းများ၊ လေကြောင်းထိန်းချုပ်သူများအထိ ခင်မင်မှူကွန်ရက်က ကျယ်ပြန့်လှပြီးလျှင် သ့ရှင်းလေဆိပ်တွင်ရှိနေသည့် တစ်နှစ်ကျော်အပိုင်းအခြား၀ယ် ရင်းနှီးလာသူများမှာလည်းမနည်းပေ။

ခုအချိန် သ့ရှင်းလေဆိပ်၏အလွန်စည်ကားလှသော Terminal 3 တွင် ကျိုးချီချန်းက စတားဘက်ခ်ဆိုင်အပြင်ဘက်၀ယ်ထိုင်ကာ ကော်ဖီသောက်လို့နေ၏။ ငါးမိနစ်အတွင်းလူလေးငါးခြောက်ဦးလောက်က သူ့ကိုသတိပြုမိကာ နှုတ်ဆက်သွားကြသည်ပင်။ သူသည် စစ်တပ်ဘက်မှ အရပ်ဘက်လေကြောင်းသို့ တစ်နည်းအားဖြင့် ရေတပ်လေကြောင်းမှသည် ဟိုင်နန်လေကြောင်းလိုင်းသို့ပြောင်းရွှေ့ခဲ့သူဖြစ်၏။ သူ၏သူငယ်ချင်းများက အမြဲပြောလေ့ရှိသည်မှာ သူသည် ဟိုင်နန်လေကြောင်းလိုင်းနှင့် အခြားလေကြောင်းလိုင်းတစ်ခုသို့ သွားဖို့ရွေးပါဆိုလျှင် ဟိုင်နန်လေကြောင်းလိုင်းမှာသာတသက်လုံးအလုပ်လုပ်မည့်သူဟူ၍ အရွှန်းဖောက်ကြသေးသည်ပင်။ သူသည် ယခုနေ့အထိ လေယာဥ်မှူးအဖြစ်အတွေ့အကြုံသုံးနှစ်ရှိပြီး ပခုံးပေါ်တွင် ဘားသုံးစင်းရှိလေသည့် တွဲဖက်လေယာဥ်မှူးလည်းဖြစ်၏။ သူ၏ကိုယ်ရေးရာဇ၀င်အရဆိုလျှင် စီနီယာဟုမဆိုနိုင်သော်ငြား သူ၏ချိတ်ဆက်နိုင်မှူအရဆိုပါလျှင် အဆင့်သတ်မှတ်ချက်မှာ T1 မှ T3 အထိသတ်မှတ်၍ရပေသည်။

​တိုက်​လေယာဥ်​နောက်မြှီးမှ ဖမ်းချိတ်​ ( မြန်မာမှူပြန်လည်ပြုစု )Where stories live. Discover now