၂၀၁၅ ခုနှစ် ဧပြီ ၅ရက်နေ့တွင် ပေါ်ဟိုင် ပင်လယ်အော်ကမ်းရိုးတန်းနံဘေး ရေတပ်ရှိ လေကြောင်းတက္ကသိုလ်အနီးတွင် လစဥ်စစ်ရေးလေ့ကျင့်မှူကိုပြုလုပ်ခဲ့၏။
လေယာဥ်တင်သင်္ဘောများသည်ကားပင်လယ်ပြင်တွင်သာအမြဲရှိနေသည်မဟုတ်ပေ။ ကျိုးချီချန်းနှင့် သူ၏တပ်စုတို့လေ့ကျင့်မှူအများစုသည်ကား ကုန်းမြေပြင်တွင်သာဖြစ်ကြလျက် အခုတစ်ကြိမ်သည်ကလည်း ခြွင်းချက်မရှိပါဝင်ပေ၏။ သူသည် ပုံမှန်လေ့ကျင့်ရေးမစ်ရှင်တို့အား အဖွဲ့နှင့်အတူရော တစ်ဦးတည်းပါလုပ်ဆောင်နေခဲ့သည်ပင်။ အဲ့သည့်မနက်ပိုင်းမှာ သူကပုံမှန်နေ့များကဲ့သို့ပင် မနက်စာစားခဲ့ပြီးလျှင် ပိုင်ကျစ်ယွီနှင့်အခြားရင်းနှီးသော လေယာဥ်မှူးတွေအား လိုက်နှုတ်ဆက်ချင်ခဲ့၏။ သို့သော် ပိုင်ကျစ်ယွီကို သူရှာမတွေ့ခဲ့ပေ။ တခြားလေယာဥ်မှူးတစ်ဦးက ပိုင်ကျစ်ယွီ သူ့မိသားစုထံသို့အလည်ပြန်သွားသည်ဟုပြောပြခဲ့သည်။ ကျိုးချီချန်းမှာ အနည်းငယ်ထူးဆန်းသွားရလျက်ပင်။ ပိုင်ကျစ်ယွီသည် မနေ့ညကမှ သူနှင့်စားပွဲတစ်ခုတည်းတွင်ထိုင်ကာ ညစာစားခဲ့တာဖြစ်ပြီး စကားလည်းများများစားစားမပြောခဲ့သလို အိမ်ပြန်ရမည့်အကြောင်းလည်းမပြောခဲ့၏။ ကျိုးချီချန်းသည် ယခုနေ့ပျံသန်းမှူမစ်ရှင်ပြီးမှသာ ထိုသူ၏အိမ်တွင်တစ်ခုခုများဖြစ်ခဲ့၍လားဟုမေးရန်ဆုံးဖြတ်လိုက်တော့သည်။ပိုင်ကျစ်ယွီ၏ဖခင်မှာ ကျန်းမာရေးသိပ်မကောင်းကြောင်း သူသိထား၏။ အမှန်တော့ သိပ်မကြာသေးသောအချိန်လောက်တည်းက သူနှင့်ပိုင်ကျစ်ယွီကြား တစ်ဦးအပေါ်တစ်ဦးနားမလည်နိုင်တော့လောက်အောင် အနည်းငယ်ဝေးကွာသွားသည်ဟုခံစားနေခဲ့ရသည်ပင်။ သူတို့က အိပ်ဆောင်လည်းမတူကြသည်မို့ ကျိုးချီချန်းကထိုသူကိုအမြဲမတွေ့ရတတ်။ ဒါကြောင့်မို့ ထိုသူကအိမ်မှာတစ်ခုခုဖြစ်သွားသောကြောင့်ပြန်သွားသည်ဟုသာသတ်မှတ်လိုက်တော့သည်။ သိပ်မကြာခင်ကလည်းရဲဘော်ရဲဘက်များ စုဝေးကာ စားသောက်ခြင်းမျိူးနည်းပါးခဲ့သည်မို့ ထိုသူနှင့်လည်း စကားအများကြီးသူမပြောဖြစ်ခဲ့ပါ။
မနက်စာအဖြစ်ဆန်ပြုတ်ပန်းကန်လုံးတစ်လုံးခန့်သောက်ကာ ခဏနားပြီးသည်နှင့် မပျံသန်းမှီစစ်ဆေးရန်အတွက် ယူနီဖောင်းကိုလဲလိုက်ပြီးလျှင် ထွက်ခဲ့လိုက်တော့သည်။ ထိုအချိန်ဝယ်သူသည် အရှေ့တွင် မည်သို့သောထိတ်လန့်ဖွယ်ကံကြမ္မာနှင့် ကြောက်မက်ဖွယ်ရာအဖြစ်တို့ကစောင့်ကြိုနေသလဲ မသိနိုင်ခဲ့တော့ပေ။