အလွမ်းနိုးလာတော့ မောင်က ရှိမနေ။ အလွမ်းမျက်နှာ သစ်ကာ ရေပါတစ်ခါတည်း ချိုးလိုက်သည်။
အိကျ်ီ်တွေ သွားပြန်ယူဖို့ ပြောရအုံးမည်။
အလွမ်းအောက်ထပ်ဆင်းလာတော့ မောင်က မနက်စာပြင်နေသည်။အလွမ်း အထဲဝင်ပြီး ခုံမှာ ထိုင်လိုက်တော့
"ကျုပ်အကျီ်တွေ ဘယ်အချိန်ထိ ဝတ်နေမှာလည် "
"ငါ့မှာ ဝတ်စရာမှ ပါမလာတာ ငါဒီနေ့ အဝတ်အစားပြန်ယူမယ် မဟုတ်ရင် ငါ့အိမ်မှာ "
"ဟိုဘက်အကန့်မှာ ခများဝတ်ဖို့ ထားတာပေးတာ မတွေ့ဘူးလာ "
"ငါ့အတွက်လာ မင်းမပြောတော့ ငါဘယ်လိုသိမှာလည် "
အမ်ပေါ့ မပြောမိတဲ့ နေ့ရဲ့ အမှား
"အလွမ်း ကိတ်မုန့်တစ်တုံးယူစားကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်"
မောင့်ကို ကြည့်တော့ အလွမ်းနည်းတူ လက်ဖက်ရည်သောက်ကာ ကိတ်စားနေသည်။
"ပြောစရာရှိတာပြော လွမ်းသတ်တန့်ရောင်ခြည် "
"ငါ အလုပ်သွားရမယ် "
"အမ် "
"မင်း ဘာလို့ငါ့ကို ဒီခေါ်လာလည် "
အလွမ်းမေးတော့ မောင်က ဘာမှမပြော။ အစားသာ ဆက်စားနေသည်။
"ငါမေးနေတယ်လေ ငါ့ကို ဘာလို့ခေါ်လာတာလည် ငါတို့က အရင်လို "
အလွမ်းဆက်မပြောဘဲ ရပ်လိုက်တော့
"အရင်လို ဘာဖြစ်လည် ဆက်ပြော "
နေ့ ထောက်ပေးလိုက်တော့ သာလိကာလေးက ခေါင်းငုံ့ကာ ကိုင်ထားတဲ့ ကော်ဖီခွက်ကို ကြည့်ပြီး အသံ တိုးတိုးလေးနဲ့
"ငါတို့က အရင်လိုမှ မဟုတ်တော့တာ "
"ဟက် ခများသိရင် ပြီးတာဘဲ "
"အ့ကြောင့် ငါ့အိမ်မှာ "
"ထပ်ပြောရင် ခများတစ်ခုခု မဖြစ်သွားဘူးလို့ ကျုပ်အာမ မခံဘူးနော် လွမ်းသတ်တန့်ရောင်ခြည် "
နေ့ ပိတ်ဟောက်လိုက်တော့ သာလိကာလေးက ငြိမ်ကျသွားသည်။
ငါ မင်းကို နားမလည်တော့ဘူး မောင်
![](https://img.wattpad.com/cover/378065222-288-k821058.jpg)