ငွေချစ်သော ပျိုမဒီ
part 1
ဩဇာသွေးဆက် ချယ်ရီပျို
နန်းတော်သဖွယ်ရှိသော အိမ်ကြီးထဲကအခန်းတစ်ခန်းထဲတွင် ဆီးကရက် ကိုသောက်ကာ စမတ်ကျကျနှင့် ထိုင်ပီးပြတင်းပေါက်ကနေငေးကာ အတိတ်ပုံရိပ်တစ်ချို့ဆီသို့.........
လွန်ခဲ့သော 6 နှစ်က
"ဟျောင့် သွေးဆက် မင်းအဲ့ကောင်မလေးကိုငေးနေတာ ရက်ပိုင်းအတော်ကြာနေပီနော်ကြိုက်ရင်လဲသွားဖွင့်ပြောလေကွာ"
"တမန် မင်းပြောတော့သာလွယ်တာ သွားပြောရင်ဘယ်လွယ်လိမ့်မလဲ သူနဲ့ငါက မိုးနဲ့မြေလိုဘဲကွ"
"သွေးဆက် ချစ်ရင်အဲ့တာတေကပကာသနတွေပါကွာ သွားပြောလိုက်စမ်းပါ သူကသဘောကောင်းမဲ့ရုပ်ပါဘဲကွာ "
"အဲ့တာဆိုလဲ ငါသွားပြောလိုက်အုံးမယ်"
ဩဇာသွေးဆက် ချယ်ရီပျို ရှိရာနေရာသို့သွားပီး
"ပျို ကိုယ်မင်းကိုချစ်တယ်"
"ဖြန်း!!! နင်လို ပညာမတက် အဆင့်အတန်းမရှိတဲ့လူကငါ့ကိုချစ်တယ်လို့ပြောရဲ့တယ်နော်"
ဩဇာသွေးဆက် ချယ်ရီပျို သူ၏ပါးအားရိုက်လိုက်တာကြောင့် ခေါင်းပင်ခြာခြာလည်သွားရသည်
"ဟ ပညာမတက်လဲလူဘဲကွ ပညာတက်မှလူမဟုတ်ဘူး နေပါအုံး မင်းကအဆင့်အတန်းကို ငွေနဲ့တိုင်းတာလားပညာနဲ့တိုင်းတာလားချယ်ရီပျို"
"ကျမတို့လိုပညာတက်မှငွေဆိုတာရှာလို့ရတာရှင့်လိုပညာမတက်တဲ့လူက ဟော့ဒီက10000တန်အရွက်ကိုရောမြင်ဖူးလို့လား"
ဩဇာသွေးဆက် သူ့အား 10000 တန်အရွက်တောင်မြင်ဖူလို့လားလို့အပြောခံရတာကြောင့်အနည်းငယ်တော့ရှက်မိသွားသည် သူလူအုပ်ကြီးကြားထဲတွင်အပြောခံခဲ့ရသည်မလား
"ပညာမတက်လဲငွေဆိုတာရှာလို့ရတယ် မင်းတို့လိုပညာတက်တေကပညာမတက်တဲ့လူထက်ပိုပီးအဆင့်အတန်းနိမ့်တယ်"
"အဲ့တာဆိုလဲ 6 နှစ်အတွင်း ရှင်ကျွန်မတို့ချမ်းသာမှုရဲ့တစ်ဝက်ရအောင်ရှာလေ ပညာမတက်တဲ့လူကရှာနိုင်လား ကျွန်မလိုပညာတက်တဲ့လူကဘဲ ပိုပီးချမ်းသာမလားလို့"