🍒ငွေချစ်သော ပျိုမဒီ🍒
🍒part 6🍒
ဩဇာသွေးဆက်🍑 ချယ်ရီပျို
ဘာတစ်ခုမှမမှတ်မိဘဲ သူ့အားဘယ်သူ့ခွင့်ပြုချက် နဲ့မေးနေသောကြောင့်
"ပျို မင်းမေ့နေတာလေ မင်း 3 ရက်လောက်မေ့နေတာလေ စိတ်နဲ့ကိုယ်နဲ့လဲကပ်ပါအုံးကွာ"
"အဟင့် ခန့် လဲပျို့ မှာမရှိတော့ဘူး ဖေဖေ လဲပျို့ မှာမရှိတော့ဘူး ပျို့ မှာဘာဆိုလာမှမရှိတော့ဘူး ပီးတော့
သွေးဆက် ရှင်လက်စားချေချင်သေးရင် ပျို့ကိုလက်စားချေလို့ရတယ် ခိုင်းချင်တာခိုင်းလို့ရတယ်ပီးရင်တော့ပျိုနဲ့မပက်သတ်ပါနဲ့တော့"
(ကိုယ် ဒါကိုဘဲအသုံးချရတော့မှာဘဲပျို မင်းနဲ့တော့ကိုယ်မဝေးချင် ဒါကြောင့် မင်းထပ်မုန်းအောင် အမုန်းပေါ်အမုန်းဆင့်အောင်ထပ်လုပ်ရအုန်းမယ် ပျို)
"လက်စားချေဆိုတာမင်းပြောတာနော် ပျို"
"အဲ့တာပီးရင်တော့လိုက်မနှောင်ယှက်နဲ့တော့နော်"
"ခုနကပြောတဲ့ထဲမှာ ခိုင်းချင်တာခိုင်းဆိုတာလဲပါတယ်နော် ပျို"
"အင်း"
"အဲ့တာဆို ကိုယ့်ကိုကလေးမွေးပေး"
ဩဇာသွေးဆက်အပြောကြောင့် ပျိုမျက်နှာပင်နီရဲသွားရသည်
"ရှင်ရူးနေတာလား ခိုင်းချက်တာခိုင်းဆိုအခြားဟာကိုပြောတာ ကလေးမွေးတာမပါဘူး"
"မရဘူး ပျို မင်းစကားကျွန်ပီးပီလေ"
"ဟင့်အင် ပျိုပြောတာ အခြားအဓိပ္ပာယ်လေ"
"အဲ့တာဆို ကိုယ့်လက်ထောက် 3 နှစ်လုပ်ပီးရင်မနှောင့်ယှက်တော့ဘူး"
"မနှောင့်ယှက်ဖူးဆိုတဲ့စကားကသေချာလား"
"သိပ်သေချာတာပေါ့ဗျာ အဲ့နှစ်အတွင်း ဘာမဆိုလုပ်ပေးရမယ် လစာပေးမှာပါ"
"မပေးလဲတောင်းဖို့စဉ်းစားပီးသား"
ဩဇာသွေးဆက်သူ့အကြံအောင်မြင်တာကြောင့် မသိမသာပြုံးလိုက်ပီး
"ကိုယ့်အိမ်မှာဘဲနေရမယ်"
ပျို့ကို သူ့အိမ်မှာဘဲနေရမယ်တဲ့ အဲ့တာတော့မဖြစ်နိုင်ပေ