🍒ငွေချစ်သော ပျိုမဒီ🍒
🍒part 4🍒
ဩဇာသွေးဆက်🍑 ချယ်ရီပျို
"အဲ့တာကြောင့် ဂုဏ်မာနတွေထောင်လွှားနိုင်သေးတာပေါ့"
ဩဇာသွေးဆက် ချယ်ရီပျို အားလက်စားချေချင်စိတ်ရှိနေပေမဲ့ သူကလွဲရင်အခြားသူများ ချယ်ရီပျို အားမျက်စောင်းနှင့်ဝှေ့ကြည့်ရင်တောင်မကြိုက်ပေ
"မင်းတို့ဆိုင်မှာမထိုင်တော့ဘူးဆိုရင်လဲ လာရာလမ်းတိုင်ပြန်ကြွလို့ရပါပီဗျာ"
"တောက် !! ဒီဆိုင်တစ်ဆိုင်ထဲရှိတာမှမဟုတ်တာ ပြန်မယ်"
ကြယ်မှုံတို့ဆိုင်ပြင်ထွက်သွားတော့ ချယ်ရီပျို ၏အကြည့်ဆူးဆူးဟာ ဩဇာသွေးဆက်အပေါ်ကျရောက်လာပီး
"ပျို ရှင့်ကိုကျေးဇူးတင်မှာမဟုတ်လို့ အဲ့စကားကိုမျှော်လင့်မနေနဲ့"
"အဟက် မလိုဘူး အဲ့တာကြောင့်စေတနာကလူတိုင်းနဲ့မတန်ဘူးပြောတာပေါ့"
"တောက်!! ကြည့်လို့ကိုမရဘူး"
တောက်တစ်ချက်ခတ်ပီး မျက်စောင်းထိုးသွားတဲ့ ချယ်ရီပျို ကြောင့် ဩဇာသွေးဆက် ကြောင်တောင်တောင်ပင် စာပွဲးဝိုင်းရှေ့ရပ်နေခဲ့ရသည်
"သွေးဆက် လာပီလား"
"မင်းဘဲစဉ်းစားကြည့် တမန် ငါလဲသူ့ကိုကူညီရသေးတယ် သူကဘဲငါ့ကိုပြောသွားသေးတယ်ဖြစ်သင့်လားအဲ့တာဖြစ်သင့်လား"
"စိတ်လျှော့ပါကွာ မင်းက ကိုယ့်နေရာကိုယ်မနေဘဲသွားကူညီတာကိုး"
ဩဇာသွေးဆက် သူ၏သူငယ်ချင်းကိုအားကိုးတကြီးပြောပြလိုက်တော့ ရှေ့နေငှားမှထောင်လုံးလုံးကျဆိုသလိုပင်ဖြစ်သွားရသည်
ချယ်ရီပျိုအလုပ်လုပ်နေရင်းဖုန်းလာတာကြောင့် ကိုင်လိုက်ပီး
"ဟယ်လို အန်တီ"
"....... ဆိုင်လာခဲ့လို့ရလားအခု"
"ဟုတ်ကဲ့ အန်တီကေ ပျိုလာခဲ့ပါ့မယ်"
အန်တီကေဆိုတာက ပျို့ရဲ့ ယောက္ခမပေါ့ အခုလဲဘာတွေပြောမယ်မှန်းမသိ ပျို တို့ကိုအမြင်မကြည်တာတော့အမှန်ပင် သေချာတာတော့ ပျို ဒီနေ့ခွင့်ယူရပေမည်