CHAPTER-(9)
အိမ်ထဲမှာ မှိုခြောက်တစ်ချို့ကို ပိုင်နျန်နျန်ရှာတွေ့သွားတာမို့ ထိုမှိုခြောက်တွေကို ရေနွေးထဲမှာခဏစိမ်ထားကာ ခဏကြာတော့ ကြက်စွတ်ပြုတ်လုပ်ရန် ထက်ဝက်ခြမ်းပြီး ရေစင်စင်ဆေးလိုက်သည်။
ကြက်ကို စားလို့မရတဲ့အပိုင်းတွေဖယ်လိုက်သောအခါ လေးငါးကတ်တီမျှရှိမည်။ ကြက်အရေခွံမှာအဆီများပြည့်နေပြီး အိမ်မှာလည်းဝက်ဆီက ဖင်ကပ်တောင်မကျန်တော့၍ ကြက်အရေခွံမှအဆီများခွာကာ ပန်းကန်းလုံးအသေးလေးတွင် အပြည့်ဖြည့်လိုက်၏။ ကြက်အကြွပ်ကြော်ရန်သုံးသည်က ပန်းကန်လုံးတစ်ဝက်လောက်သာဆီကုန်သည်။ ကျန်တဲ့ဆီတွေကို ချက်ပြုတ်ရာတွင်သုံးနိုင်ပြီး စားမြိန်စာအဖြစ်ဖြစ်စေ၊ ဟင်းပွဲအကြော်အလှော်များတွင်ဖြစ်စေ ထည့်သုံးပါက အရသာရှိလှသည်။
အသားခြောက်လုပ်ရန်ရည်ရွယ်ထားသော ကြက်သားတစ်ဝက်ကို ဗီရိုထဲတွင်သိမ်း၍ ကျန်တဲ့အသားကို တစ်ဝက်ဝက်ကာတစ်ပုံကို ကြက်စွတ်ပြုတ်ပြုတ်၍ အခြားတစ်ပုံကိုအကြွပ်ကြော်မည်။
ပင်စိမ်း၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူနှင့်ရောမွှေထားတဲ့ ကြက်အကြွပ်ကြော်ကမွှေးကြိုင်နေ၍ ပေါက်စလေးနှစ်ဦးမှာ သားရေများကျလာပြီး ကြက်ကြော်အိုးကို မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။
"လောဘကြီးတဲ့ကြောင်လေးတွေ.... လက်ဆေးပြီးရင် ထမင်းစားလို့ရပြီ...
ပိုင်နျန်နျန် လက်တစ်ဖက်တွင်ယောင်းမကိုင်ကာ အခြားတစ်ဖက်က အသေးလေးနှစ်ဦး၏ နှာခေါင်းထိပ်လေးများကိုတို့လိုက်ပြီး ပြောလာသည်။
"လက်ဆေးပြီးရင် ပန်းကန်နှစ်လုံးသွားယူ..."
"မရီး ပန်ကန်းတွေရပြီ..."
လက်တစ်ဖက်စီတွင် ပန်းကန်လုံးကိုင်ထားသော အသေးလေးနှစ်ယောက်အနက်မှ မင်တဲ့သည် မျက်နှာလေးကိုမော့လျက် သူ့ကိုတောက်ပသော မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်နေလျက် မင်လီကတော့ သူ့ကို တိတ်တဆိတ်လေးသာ ကြည့်နေသည်။
ပိုင်နျန်နျန် ပန်ကန်လုံးကိုယူကာ ပြောသည်။
"တော်လိုက်တာ...နောက်မှကြက်သားနှစ်ပိုင်း ထပ်ဆုချမယ်..."
YOU ARE READING
စိုက်ပျိုးရင်းနဲ့နေ့ရက်လေးတွေဖြတ်သန်းမယ်
Fantasyဘာသာပြန် by Legacy Novel Translation