Chapter 13

346 55 0
                                    


"ဗိုက်ဆာနေကြပြီလား..."

ပိုင်နျန်နျန် ပစ္စည်းအချို့ကိုဟန်ပြအဖြစ်သယ်ကာ ကြက်ကိုနေရာလွတ်ထဲပို့လျက် အသေးလေးနှစ်ဦး အခန်းထဲမှာ ဘယ်လိုနေနေကြသလဲဆိုတာကို ကြည့်လိုက်သည်။

ပေါက်စလေးနှစ်ဦးက သူ့မေးခွန်းကိုတုံ့ပြန်မလာပေ။ အိပ်ယာပေါ်မှာအတူတူလှဲကာ အိပ်မောကျနေသည်။

သူဂျုံယာဂုတစ်ပန်းကန်ကို ထုတ်ယူလိုက်ပြီး တံခါးပိတ်ကာ နေရာလွတ်ထဲက ကြက်သားတွေကိုချက်ဖို့ ပြင်ဆင်လိုက်သည်။ ဒီနေ့အိမ်မှာ စားသောက်ပွဲကျကျနနဖန်တီးဖို့ သူနေရာလွတ်ထဲကနေကြက်နှစ်ကောင်ထုတ်လာကာ ကျန်တာတွေကိုတော့ အသားဆားနယ်လုပ်ထားလိုက်မည်။

ရေနွေးပွက်ပွက်ဆူသည်ထိတည်ကာ ကြက်ကိုရေနွေးဖျောပြီး ကြက်မွှေးနှုတ်ပြီးသွားတဲ့အခါ ကြက်သားမှာအလွန်နူးညံ့နေသည်။ ယခင်တစ်ခေါက်က ပြန်နွှေးထားသော ကြက်စွတ်ပြုတ်ကို သူအိမ်ပြန်ရောက်တုန်းရှာကြည့်သောအခါ အိုးပင်မတွေ့ရတော့ချေ။

ဒီနေ့ညမှာ သူတို့ မှိုနဲ့ကြက်သွန်မိတ်ရောထည့်ထားသည့် ကြက်သားစတူးကိုစားကြမည်။

အရသာနယ်ဖတ်ထားသည့်ကြက်သားကို ပဲဆီထည့်ကာ မီးအေးအေးနှင့်နှပ်ထားလိုက်သည်။

"မရီး မရီး... "

"ဘာလို့လဲ..."

ပိုင်နျန်နျန် ပေါက်စလေးတစ်ယောက်ရဲ့အသံကိုကြား၍ သူ့လက်ထဲမှာရှိတာတွေကိုချကာ တံခါးကိုအပြေးသွားဖွင့်သည်။

"မရီး ပြန်လာပြီပဲ..."

ချန်းမင်တဲ့ မျက်လုံးလေးတွေကိုပွတ်သပ်ကာ သန်းဝေလျက် မျက်လုံးထောင့်မှကျလာသောမျက်ရည်များကို သုတ်လိုက်သည်။

သူအိပ်ယာနိုးလာသည့်ပုံလေးက ချစ်စရာကောင်းလှသည်။ ပိုင်နျန်နျန်တစ်ခွန်းသာ မေးလိုက်သည်။

"မင်လီ သက်သာလာပြီလား...အဆင်မပြေရင် အစ်ကို့ကိုပြောနော်...မင်တဲ့ရော နာနေသေးလား..."

"မနာတော့တာမို့ စိတ်မပူပါနဲ့ မရီး.."

"ဒီတစ်ခါအဖြစ်ကို သင်ခန်းစာယူလိုက်...နောက်တစ်ခါ သူတို့မိသားစုကိုတွေ့ရင် ထွက်ပြေးနော်သိလား...မဟုတ်ဘူး...အဝေးကတွေ့ရင်တောင် ရှောင်ထွက်သွားပြီး မသိချင်ယောင်ဆောင်နေ...သူတို့က တို့ဆွေမျိုးမဟုတ်ဘူး...ရန်သူတွေ..."

စိုက်ပျိုးရင်းနဲ့နေ့ရက်လေးတွေဖြတ်သန်းမယ်Where stories live. Discover now