ကျန်နေသော သစ်အယ်သီးများကိုရောင်းဖို့ အချိန်သုံးရက်လောက်ကြာသွားသည်။ သူရောင်းရငွေကိုရေတွက်ကာ ဟင်းရွက်ရောင်းတဲ့ငွေပါထပ်ပေါင်းအပြီး သူသုံးထားသည့်ငွေတွေကိုနှုတ်လိုက်ပါက ၅၇၈ ဝမ်လောက် ရှာခဲ့သည်။
ရက်အနည်းငယ်လောက် လောဘကြီးမိသွားတာက အခန်းငှားခတစ်လစာနီးပါး စုဆောင်းမိသွားသည်လား။ မဟုတ်ပါ။ ...သေချာတာက့ သူ၏စီးပွားရေးသည် အရင်းနှီးစိုက်ထုတ်ရန်မလိုဘဲ အမြတ်ရသည့်စီးပွားရေးမျိုးပင်။ သို့သော် သူက ရှာလေလေ သုံးလေလေလူမျိုး ဖြစ်သည်။ မြို့နေဘဝအတွက် စရိတ်စကအကုန်အကျရှိသည်။ ထင်း၊ ဆန် ၊ဆီ၊ ဆား ၊ရှာလကာရှည် ၊ဆော့စ် ၊လက်ဖက်ရည် ၊မီးသွေးတို့စသည့်အရာအားလုံးကို ပိုက်ဆံနှင့်ဝယ်ရခြင်းဖြစ်သည်။
နေ့တိုင်း ထမင်းဖြူစားရသည်။ ဟင်းချက်စရာ ကြက်သားကုန်သွားတဲ့အခါမှာတော့ သူဝက်သား ထပ်ဝယ်လိုက်သည်။ ဒါကလည်း ကုန်ကျစရိတ်ပင်။ အသားမစားပါက ပေါက်စလေးတွေကို ထွားပြီးရင်းထွားလာဖို့ မည်သို့ပျိူးထောင်ရပါမည်လဲ...
အခြေခံအားဖြင့်ဆိုရလျှင် အိမ်တွင်စားနေသော ဟင်းရွက်အများစုက ဝယ်စားနေရတာဖြစ်သည်။
မီးသွေးကလည်း အကုန်မြန်သည်။ အိမ်မှစောင်ဟောင်းများအောက်တွင် မြို့မှအသစ်ဝယ်ထားသောစောင်များနှင့် ဦးလေးအိမ်မှယူလာသော စောင်များကိုထပ်ခြုံသည်။ စောင်တွေများလာတာမို့ ညဘက်အိပ်တဲ့အခါ မအေးသည်သာမက တစ်ခါတစ်ခါ ပူနေတတ်သေးသည်။ ချမ်းအေးမှုရဲ့ ဒဏ်ကို ပေါက်စလေးတွေ ခံစားစရာမလိုတော့။
"အန်တီရှဲ့ စောလှချည်လား... "
ပိုင်နျန်နျန် ဆိုင်ခင်းရင်း အစောကြီးရောက်နေပုံရသည့် အန်တီရှဲ့ကို နှုတ်ဆက်လိုက်သည်။
"မစောတော့ဘူးလေ နောက်ကျနေပြီ အခုဘယ်အချိန်တောင်ရှိနေပြီလဲ..."
အန်တီရှဲ့က ခေါင်းခါကာ သူပြောတာကို သဘောမတူပေ။
"ဟုတ်ပါရဲ့..."
ပိုင်နျန်နျန် သူမတုန့်ပြန်မှုကို ဂရုမစိုက်စွာပြောလိုက်သည်။ ရက်အနည်းကြာပြီးသည့်နောက်တွင် သူသည် ဒီဈေးသည်အန်တီကြီး၏စရိုက်ကို သိလာခဲ့သည်။ သူမက အေးစက်စက်မျက်နှာထားရှိသော်လည်း ဒါကသူမရဲ့ ပင်ကိုယ်မျက်နှာထားဖြစ်ပြီး စကားကိုတဲ့တိုးပြောတတ်သူပင်။ ပေါင်းသင်းဆက်ဆံရေးလည်း မကောင်းချေ။