Chapter 3

843 121 4
                                    


အိပ်မက်ကောင်းတစ်ခုမက်ခဲ့၍ ပိုင်နျန်နျန်မနက်အိပ်ရာမှ နိုးသောအခါ သူ့မျက်နှာထက်တွင် အပြုံးရှိနေသည်။ သို့သော် သူဘာအိပ်မက် မက်ခဲ့သည်ကို မမှတ်မိပေ။

ဝါဂွမ်းစောင်၏တစ်ဖက်ကိုဆွဲကာ ခြုံလိုက်သည့်အခါ အထဲမှပေါက်စလေးနှစ်ဦးက အိပ်မောကျနေဆဲပင်။ အပူပေးကုတင်မှာ နွေးထွေးနေဆဲဖြစ်သော်လည်း အခန်းအပူအချိန်မှာ အတော်နိမ့်ကျနေပြီဖြစ်သည်။ ပိုင်နျန်နျန် ပေါ့ပါးစွာထလိုက်ပြီး အသေးလေးနှစ်ဦးကို ဆက်အိပ်စေသည်။ သူမနက်စာထမပြင်မီ ကောင်လေးတစ်ဦးမှာ စောင်အစွန်းကိုဖိထား၏။

ဤနေရာ၏ဓလေ့မှာ မနက်တစ်ခါ၊ ညတစ်ခါ တစ်နေ့နှစ်နပ်သာ စား၏။ တစ်နေ့သုံးနပ်ကို စားသောအချိန်ကာလမှာ လယ်ယာမြေအလုပ်များ လုပ်နေချိန်တွင်သာ။

ပိုင်နျန်နျန်သည် တစ်နေ့နှစ်နပ်စားသည့်ထုံးစံအား လိုက်နာရန်အစီအစဥ်မရှိ။ အကြောင်းမှာ ပေါက်စလေးနှစ်ဦးမှာ အာဟာရချို့တဲ့နေပုံရသည်။ သူတို့မစားလျှင်တောင် သူက မကျွေးဘဲနေလို့လို့မဖြစ်။ သူ၏ ပေါက်စလေးများကို သူဆိုးရွားစွာ ဆက်ဆံမိမှာကိုစိုးရိမ်သည်။

သူငယ်စဥ်က ကျေးလက်မှာကြီးပြင်းခဲ့တာဖြစ်၍ ဤနေရာမှဘဝနေထိုင်မှုပုံစံသည် ပြဿနာမရှိပေ။ မသကာ အလွန် ဆင်းရဲနေရုံမျှသာ။

ပေါက်စလေးနှစ်ဦးအိပ်ယာမထမီ ပိုင်နျန်နျန် သူ၏နေရာလွတ်ကိုစစ်ဆေးပြီးနောက် ဘာမှခြေရာလက်ရာမပျက်တာကို တွေ့လိုက်ရသည်။ အထဲတွင်သူစုဆောင်းထားသော အစားအစာတွေနှင့် ပစ္စည်းတွေက သိပ်ကျန်တော့ပေ။

သူ၏နေရာလွတ်မှာ ပုံသေမဟုတ်သော်လည်း သူ့နေရာလွတ်ထဲတွင်စိုက်ပျိုးမွေးမြူ၍မရပေ။

အခြားသက်ရှိများလည်းမဝင်နိုင်ဘဲ သူကိုယ်တိုင်သာ ဝင်ရောက်နိုင်သည်။ အန္တရာယ်ကြုံလာရပါက အထဲဝင်ပုန်းနေခြင်းမှာ သူ့အတွက်ရိုးရှင်းသော နည်းလမ်းပင်။ နောက်ဆုံးတစ်ခေါက် သူပုန်းနေရာမှ ပြန်ထွက်လာသောအချိန်တွင် ကမ္ဘာပေါ်၌ သူတစ်ယောက်တည်းဖြစ်နေပြီး သေရန် စောင့်နေရုံသာ ကျန်တော့သည်။ သူကိုယ်တိုင် လက်စားချေကာ နှစ်များစွာကြာသည့်တိုင်ရှင်သန်နေခြင်းထက် အသက်မရှင်ဘဲသေလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ထင်ခဲ့ဖူးသည်။

စိုက်ပျိုးရင်းနဲ့နေ့ရက်လေးတွေဖြတ်သန်းမယ်Tahanan ng mga kuwento. Tumuklas ngayon