"ကျွန်တော်တို့ ပိုက်ဆံပါလာတာမို့ ဆေးညွှန်းပေးလို့ရပါတယ်..."
ပိုင်နျန်နျန် ကြေးပြားသုံးတွဲနှင့်ငွေနှစ်တုံး ထုတ်လာသည်။
"အရင်ဆုံးသူ့ကို ဆေးဆယ်ရက်စာပေးလိုက်မယ်...ညအိပ်ရာမဝင်ခင် တစ်နေ့တစ်တွဲသောက်...ပြီးတော့သောက်ပြီးရင် သူဘယ်လိုနေလဲသိရအောင် ဒီကိုခေါ်လာခဲ့...ဝမ်တစ်ရာတန် ဆေးတွဲသွားယူပြီး အဲ့မှာငွေရှင်းလိုက်ပါ..."
သမားတော်အိုကြီးက သူ့ကိုဆေးညွှန်းရေးပေးကာ အနားရှိဆေးဆိုင်မှ ဆေးဝယ်စေသည်။ ထို့နောက် ငွေအပ်ကိုထုတ်ကာ စတင်ပြီးအပ်စိုက်ကုတော့သည်။
ပိုင်နျန်နျန် မင်တဲ့လက်ကိုဆွဲကာ ငွေနှင့်ဆေးညွှန်းကမ်းပေးလိုက်သည်။ ထို့နောက် သူသမားတော်အပ်စိုက်သည်ကို စိုးရိမ်စွာကြည့်နေပြီး ပါးစပ်က စကားတောင်တီးတိုးမပြောနိုင်ပေ။
သမားတော်က အပ်ကိုကြည့်ရှုစစ်ဆေးအပြီးတွင် ချန်းမင်လီ၏ တွန့်ချိုးနေသောမျက်ခုံးတန်းလေးက ပြေလျော့သွား၏။ သူ့မျက်နှာလေးကလည်း ဖျော့တော့မနေတော့ပဲ သွေးရောင်လွှမ်းလာသည်။
သမားတော်က အပ်များကိုဖယ်ကာ ပြောလိုက်သည်။
"နောက်လအနည်းငယ်အတွင်း ဂရုစိုက်ပါ...သူမတိုက်မိ၊ မဆောင့်မိအောင် အိပ်ရာထဲမှာ လနည်းနည်းလောက်နားခိုင်းပြီး အာဟာရဖြည့်ပေးပါ"
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပြီ"
ပိုင်နျန်နျန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သမားတော်...ကျေးဇူးတင်ပါတယ်... "
ပိုင်နျန်နျန် သူဝယ်လာသောဆေးနှင့် ညွှန်ကြားချက်တို့ကိုယူပြီးဖတ်နေတော့ သမားတော်ကသူ့ကို စိတ်မရှည်ဖြစ်လာသည်။ ထို့ကြောင့် သူအိမ်ကိုပြန်ယူသွားပြီး ဖတ်ကြည့်ရန် အကြိုညွှန်ကြားချက်များကို ရေးပေးလိုက်သည်။
မူလကိုယ်သည် စာလုံးအက္ခရာများကို မသိပေသော်လည်း သူကတော့ ဤရှေးကျသည့်တရုတ်စာကိုတတ်သည့်အပြင် သူတို့ဘာကိုဆိုလိုချင်သလဲ ဘာကိုရေးထားလဲဆိုတာဖတ်နိုင်သည်။
ŞİMDİ OKUDUĞUN
စိုက်ပျိုးရင်းနဲ့နေ့ရက်လေးတွေဖြတ်သန်းမယ်
Fantastikဘာသာပြန် by Legacy Novel Translation