ခြွေညို့နိုင်လွန်း သူ
or
အခန်း (၃၂) ဖိုက်တာလို ချွေးမ
." ရွှေမိုးညိုညို "
ဟင်! သူက ဒီကိုဘာလာလုပ်ပြန်တာလဲ။
ရွှေညို,အလုပ်လုပ်နေတဲ့ ကဖေးဆိုင်ကို မင်းသမီးဝတ်ရည်မှုံရောက်လာတာပဲဖြစ်သည်။
" ရွှေညိုတို့ကြားမှာ ဘာမှပြောစရာမရှိတော့ဘူးထင်တယ် "
ရွှေညို,မျက်နှာကို ခပ်တင်းတင်းသာထားပြီး ပြောလိုက်သည်။
" ငါတို့ကြားမှာ ပြောစရာတော့မရှိတော့ပါဘူး။ဒါပေမဲ့ နင့်ကိုတော့ ဖိတ်ကြားရမယ့် အကြောင်းရှိလို့ ငါ့ရဲ့စေ့စပ်ပွဲကိုလာပြီး ဖိတ်တာ။နင့်ကို ဖိတ်ရတဲ့ အကြောင်းကလည်း ကိုတိုက် က နင့်ကိုဖိတ်စေချင်တယ်လေ။အဲ့ဒါကြောင့် နင့်ဆီကိုလာခဲ့တာ။ဒီမှာ ငါနဲ့ ကိုတိုက်ရဲ့စေ့စပ်ပွဲဖိတ်စာ "
" မဖြစ်နိုင်တာ... ရှင် မဟုတ်တာ မပြောနဲ့။ ဦးမော်ကွန်းတိုက် က ရှင်နဲ့စေ့စပ်မှာ မဟုတ်ဘူး "
" နင်က ဘာသိလို့ အသေချာကြီးပြောနေတာလဲ "
" ဦးမော်ကွန်းတိုက် က ရှင့်ကိုမချစ်ဘူး။အဲ့ဒါက သေချာတဲ့ အဖြေပဲ "
တစ်ဖက်လူ၏ တုံ့ပြန်စကားမှာ သိသိသာသာမျက်နှာပျက်သွားရတဲ့ ဝတ်ရည်မှုံ။
သရုပ်ဆောင်မင်းသမီးပီပီ ဝတ်ရည်မှုံသည် ပျက်ယွင်းသွားတဲ့ မျက်နှာကို ချက်ချင်း ပြန်ပြင်ပြီး...
" ကိုတိုက် က ငါ့ကို ချစ်လား... မချစ်ဘူးလားဆိုတဲ့
အဖြေက နင့်ကိုဖိတ်တဲ့ ဒီဖိတ်စာထဲမှာ အဖြေရှိတယ်။မနက်ဖြန် မနက်ဆယ်နာရီတိတိ အချိန်မှာ ငါနဲ့ ကိုတိုက် စေ့စပ်တော့မှာ။အဲ့ဒီစေ့စပ်ပွဲကို နင်လာခဲ့ပေးရမယ်။တကယ်လို့ မလာခဲ့ရင်တော့ နင်က ငါ့ဆီကနေ ကိုတိုက် ကို စနှိုက်ကြော်ဖို့လုပ်ခဲ့တာလို့
ငါကမှတ်ယူမယ် "" နင့်ကိုယ်နင် စနှိုက်ကြော်မအဖြစ်မခံနိုင်ရင်တော့
ငါတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲကို လာဖြစ်အောင်လို့လာခဲ့။ငါ သွားပြီ "ရွှေညို့လက်ထဲကို အဝါရောင်စေ့စပ်ပွဲဖိတ်စာလေးကို ထိုးထည့်ပေးပြီး ကဖေးဆိုင်ကနေပြန်သွားတဲ့
မင်းသမီးဝတ်ရည်မှုံ။
![](https://img.wattpad.com/cover/375691289-288-k729236.jpg)
YOU ARE READING
ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ Completed
Romanceဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊