35

3.9K 48 1
                                        

                    ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၃၅)     ဖိုက်တာလို ချွေးမ
.

" ကားကိုဘယ်အထိမောင်းသွားဖို့ စိတ်ကူးထားတာလဲ ဦးမောကွန်းတိုက် "

သူ့ကိုစကားမပြောဘူး ဟု စိတ်ထဲမှာတွေးထားပေမဲ့
တဖြေးဖြေး အမှောင်ကြီးစ်ိုးလာတဲ့ ညရဲ့ပတ်ဝန်းကျင်ကြောင့်ရော၊လူကင်းမဲ့တဲ့ အမြန်လမ်းမပေါ်မှာရော ဖြစ်နေတာကြောင့်ရော ရွှေညိုသည် သူ့ကို စကားမပြောချင်ဘဲ ပြောရတော့သည်။

" မန္တလေးအထိသွားမှာ။နောက်တစ်နာရီလောက်ဆိုရင် 115 မိုင်ကိုရောက်ပြီ။အဲ့မှာ ခဏနားနားပြီး ညစာစားကြမယ်။ပြီးရင်တော့ ကားကို မန္တလေးအထိဆက်မောင်းသွားမယ်။ချာတိတ်ကတော့ ကားပေါ်မှာ အိပ်ချင်အိပ်လိုက်ပေါ့ "

ဘယ်သူမှ အိပ်မလိုက်ဘူး။ကားရပ်တာနဲ့ ရှင့်အနားကနေ ထွက်ပြေးမှာ။

" ကားနားနဲ့နေရာရောက်ရင် ကိုယ့်ကိုထားခဲ့ပြီး၊ထွက်ပြေးဖို့ တွေးနေတာလား ချာတိတ် "

ဟင်...! ဘာလား... သူက ငါ့စိတ်ကို ဖတ်တတ်နေတာလား။

ရွှေညို, ဘာမှမပြောဘဲ ငြိမ်ငြိမ်လေး​နေတာတောင်
သူက ရွှေညိုစိတ်ထဲမှာတွေးနေတာကို သိတယ်တဲ့လေ။အံ့သြစရာကောင်းလိုက်တာ။

" အဟင်း တကယ်ငြိမ်နေပုံကိုကြည့်ရတာ တကယ်ထွက်ပြေးဖို့ တွေးနေတာပဲ။ဟုတ်လား ချာတိတ် "

သူကရယ်သွေးသန်းပြီး ပြောလာ၏။ရွှေညိုကတော့ သူ့ကိုဘာမှပြန်မပြောမိ။ဒါပေမဲ့ ရိုးရာမပျက် မျက်စောင်းလေးကတော့ သူ့ဘက်ကို လှည့်ထိုးမိသည်။

" ထွက်မပြေးပါနဲ့။အခု ကိုယ့်မှာ မင်းပဲရှိတော့တာပါ။ကိုယ့်မာမီကလည်း ကိုယ့်ကို အိမ်ပြန်မလာနဲ့တဲ့။ကိုယ့်ဒယ်ဒိီကလည်း ကိုယ့်ကို စိတ်ပျက်တယ်တဲ့။အခု ချာတိတ်ကပါ ကိုယ့်ကိုထားသွားမယ်ဆိုရင်၊သေချာတယ် ကိုယ်လူရှူပ်၊လူပွေတစ်ယောက်ဖြစ်သွားလိမ့်မယ် "

" ဖြစ်ဖြစ်ပေါ့ "

" ကိုယ့်ကို သုံးစားမရတော့တဲ့ လူတစ်ယောက်လိုတကယ်ဖြစ်သွားစေချင်တာလား ဟင် "

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now