"ငါ့အဖေကလည်း စားနိုင်သောက်နိုင်ရဲ့သားနဲ့ ဘာလို့သူကြီးလုပ်ချင်နေတယ် မသိပါဘူးကွာ "
"မင်းကလည်း တမျိုးလိုက်တွေးနေတယ် ဖိုးစီရာ မင်းအဖေသူကြီးလုပ်တာက ရွာရဲ့ရပ်မိရပ်ဖ မဟုတ်လား "
"ရပ်မိရပ်ဖ လုပ်တာကလည်း သူများပြောတာပဲအမြဲခံနေရတယ် အခုလည်းကြည့် ဘယ်သူခေါ်ခေါ် သူ့အစား ငါပဲသွားနေရတယ် တွေ့လား "
"မင်းတစ်ယောက်ကတော့လေ ဖိုးစီ ပါးစပ်ကပွစိပွစိနဲ့ မိန်းမကြီးကျနေတာပဲ အခု မင်းအဖေသူကြီးခိုင်းတယ်ဆိုတာ မင်းကိုသင်ပေးနေတာပဲလေမဟုတ်ဘူးလား နောင်တချိန်ဆို မင်းကသူကြီးလုပ်ရမှာလေ အဲ့ဒါကော မင်းသိရဲ့လား ဖိုးစီရ "
စိတ်တိုနေသောလေသံဖြင့်ဖိုးစီက ပြောလာသည် "ငါသာ သူကြီးဖြစ်ရင် ဒီလိုအတင်းပြောတက်တဲ့ ရွာသားတွေကို အကုန်သတ်ပြစ်မယ် ဟွန့် "
" မင်းအောက်မှာ မြွေ"
"အမလေး အမေရေ့ " ဆိုပြီးကြောက်ကြောက်နဲ့ အော်ပြေးလေသည်။
ဟဟဟ" ဒီလိုကျတော့ ကြောက်တက်တယ် အပြောကျတော့ လူသတ်မယ်လေး ဘာလေးနဲ့ သတ္တိကြဘာမရှိဘူး အလကားဖိုးစီ"
**************************
နံနက် ၆နာရီဆိုတာ မှိုင်းဝေ ရဲ့အိပ့်ယာထချိန်ဖြစ်သည် ..အိပ့်ယာနိုးသာနဲ့ ယာထဲဆင်းဖို့ပြင်ပြီး အမေလုပ်ပေးထားတဲ့ ကောက်ညှင်းပေါင်းပူပူလေးကိုဘယာကြော်လေးနဲ့စားပြီး ပေါက်ပြားလေးထမ်းလို့ ယာတောသွားဖို့ထွက်လာ၏။"ဟဲ့ သားမှိုင်းဝေ ယာတောသွားတော့မို့လား "
"ဟုတ်တယ်အမေ ဒီနေ့ဆည်ကရေပေးမှာဆိုတော့ စပါးခင်တွေရေသွင်းချေမလို့ အမေရေ "
" အေးပါဂရုစိုက်အုံးငါ့သား ..မင်းအဖေကောအတူမသွားကြဘူးလား"
ယောင်္ကျားဖြစ်သူ ဦးတင်အောင်က "ငါ ခဏနေမှာလိုက်သွားတော့မယ်ကွာ သူကြီးအိမ်ဝင်စရာလေး ရှိတေးလို့ "
"ဒါဆိုအမေ သားသွားပြီနော် " အမေကိုပြောပြီး မှိုင်းဝေယာတောဘက်ထွက်လာတော့သည်။
ရွာထိပ်သို့ရောက်သော် ကျောင်းအဖြူအစိမ်းဝတ်ကာ စက်ဘီးနင်းလာသော ဖြူလုံးလေးကိုယ် ငေးကာစိတ်ထဲကနေလည်းပြောနေမိ၏
YOU ARE READING
"မေတ္တာ ပြိုင်ပွဲ"
Romanceမှိုင်းဝေ + နွေး "ဂုဏ်တွေငွေတွေမရှိရင်လေ လူမပြောနဲ့ အချစ်တောင်မျက်နှာငယ်ရတယ် ...မှိုင်း "