ဒီနေ့ အိမ်ကလယ်စိုက်မှာမို့ မှိုင်းတစ်ယောက်ယာထဲအစောသွားဖို့ရာပြင်ရတော့သည် ..အမေရဲ့ နှင်းဆီအိုးထဲကနေ အဖြူရောင်လေး တစ်ပွင့်ကိုလည်းခူးလာဖို့လည်းမမေ့ ..ဖြူလုံးလေးနဲ့ထပ်တွေ့ချင်ပါသေး၏ တကယ်လိူ့တွေ့ရင်ပေးရအောင်လည်း ပန်းလေးခူးလာခဲ့၏.... ။
"ဟ..ငါ့သားက (၂၉) နှစ်ရောက်မှ ချစ်သူထားတော့မယ်ပေါ့ဟုတ်လား မိန်းမရေ နင့်သားကြည့်အုံးဟ ဘယ်အိမ်ကသမီးလေးနဲ့ ဖြစ်နေတယ်မသိ ပန်းတွေ ဘာတွေ ခူးလို့ဟေ့ ..ဟဟဟ"
"ဟုတ်လားငါ့သား ဘယ်အိမ်က မိန်းကလေးနဲ့ဖြစ်နေတာလည်း..အမေပြောလေ လိုက်တောင်းပေးမှာပေါ့ ..အမေကတော့ ငါ့သားဘယ်မိန်းကလေးယူယူ လိုက်တောင်းပေးဖို့အဆင်အသင့်ပဲ"
မိန်းကလေးမဟုတ်ပဲ ယောင်္ကျားလေးလို့သာပြောလိုက်ချင်ပေမယ့် ချင်ခြင်းကြီးက အဆင်ပြေမယ်မထင်၍ လိမ်ပြီးပြောလိုက်ရသည် ...
တကယ်လို့သူတို့သားက ယောင်္ကျားလေးတစ်ယောက်ကို ချစ်နေတယ်ဆိုရင် နားလည်ပေးပ့မလား ။"ချစ်ရမယ့်သူတော့ရှိနေပြီအမေ ...အဖြေပြန်မရတေးတာမို့ ဘာမပြောတာပါ တကယ်လို့အဖြေရပြီးတွဲကြတဲ့အခါ အမေကိုသားပြောပါမယ်"
"အေးပါ..အမေကတော့..သားဘယ်သူနဲ့ပဲယူယူ..မကန့်ကွက်ပါဘူး
အဓိက....ကတော့ ငါသားတို့အဆင်ပြေဖို့ပါပဲ ....ဒါမဲ့သိပ့်တော့အချိန်ဆွဲမနေနဲ့ကြားလား အမေလည်းမသေခင်မြေးချီချင်တေးတယ် ""ဟုတ်ကဲ့ပါအမေရဲ့ ...အဖေသွားကြမယ်လေ"
ကျွန်တော်လည်းအဖေခေါ်ပြီးတော့ ယာတောစီထွက်လာခဲ့လိုက်တော့သည်..အရှေ့ကနေအမြန်လျှောက်နေသဖြင့် အဖေကစနေ၏။
"ငါ့သားရာ ဖြေးဖြေးသွားပါ ..ဒီအချိန်အဲ့ကလေးကျောင်းမသွားတေးပါဘူးကွ ...အရင်နေ့တွေကတော့ (၆)နာရီခွဲလောက်ဆိုရင် ရွာထိပ်ကကုက္ကိုပင်နားတွေ့မိသား"
အဖေအပြောကြောင့် ကျွန်တော်အရမ်းအံ့ဩသွားမိ၏..ဒါဆိုအဖေက သူသဘောကျနေတာဘယ်သူဆိုတာ သိသည်ပေါ့ဒါနဲ့ဘာလို့အမေကိုအမှန်မပြောရတာလည်း။
"အဖေက သားသဘောကျနေတာ ဘယ်သူဆိုတာ သိသည်ပေါ့ဟုတ်လားအဖေ.."
"သိပါတယ်ငါ့သားရယ် အဖေလည်းငယ်ရာကကြီးလာတာပါကွ..ငါ့သားနွေးကိုကြည့်တဲ့အကြည့်တွေကအစဘယ်လိုဆိုတာ သိပြီးသား..ဒါမဲ့ မင်းအမေကတော့သဘောတူကြည်ဖြူနိုင်မယ်မထင်ဘူး ...ဟူး...."
YOU ARE READING
"မေတ္တာ ပြိုင်ပွဲ"
Romanceမှိုင်းဝေ + နွေး "ဂုဏ်တွေငွေတွေမရှိရင်လေ လူမပြောနဲ့ အချစ်တောင်မျက်နှာငယ်ရတယ် ...မှိုင်း "