Part -5

23 3 0
                                    

ညီမလင်နောက်သွားသောကြောင့် ဖိုးစီ..တစ်ယောက်ဝမ်းနည်းပြီး ငိုနေလေတော့သည် " ဒီလောက်ညည်းပြီးငိုနေတာ ဘာဖြစ်လို့လည်း ဖိုးစီ.."

မှိုင်းလည်းအတော်နားညည်းနေပါပြီ မနက်ကတည်းကတငိုငိုတရီရီနဲ့ အခုလည်းကြည့် ခွေးလိုညည်းပြီးငိုနေတော့တာမလား ဒီလောက်အငိုသန်နေသောကောင်ကို စနောက်ချင်လာသဖြင့် ။

"ခွေးညည်းတာ ခွေးသေမလို့ပေါ့ဟ..ဟား...ဟားး"

" မှိုင်းဝေ..မင်းငါ့ကို ခွေးနဲ့နှိုင်းတယ်ပေါ့ လေ ..အေးပေါ့မင်းကညီမမှ မရှိတာဘယ်သိမလည်း ..အဟင့် ..အဟင့်"

"မဟုတ်ပါဘူးကွာ .. ငါက မင်းဒိလိုညည်းပြီးငိုနေတာ ခွေးလိုသေလိမ့်မယ်လို့ပြောသာပါ..မင်းကလည်း "

"ဝမ်းနည်းလွန်းလို့ပါကွာ မင်းတို့ပဲစဉ်းစားကြည့် ရွာမှာပညာတက်ရယ်လို့မရှိလို့ မိဘတွေက ပညာသင်ခိုင်းတယ် ဒင်းကလင်နောက်လိုက်သွားတယ် မင်းတို့ဆိုရင်လည်း မခံစားရဘူးလားပြော "

ကိုယ်ချင်းမစာတာတော့မဟုတ်ပါ သိတဲ့အတိုင်းပဲလေ ပညာတက်စေချင်လွန်းလို့ ရွံနွံ့တွေနဲ့ အလုပ်လုပ်ရမယ်ဆိုးလို့ မိဘတွေက ပညာသင်ပေးခဲ့တာမလား အခုလိုလုပ်ရပ်မျိုး လုပ်သွားတော့ ကျွန်တော်တို့လည်း တကယ်စိတ်မကောင်းပါ

" မင်းခံစားရတာကို နားမလည်လို့ပြောနေတာမဟုတ်ပါဘူးကွာ အခုကစိတ်ကစားတဲ့အရွယ်ဆိုတော့ ဘာစဉ်းစားဆင်ခြင်တက်မှာလည်း မဟုတ်ဘူးလား ဖြစ်ပြီးသွားမှတော့ ဘာပြောလို့မရတော့ဘူးလေ ..အဟင်း....

"လာလာ ငိုမနေနဲ့ ဖိုးစီ...မင်းညီမတို့စီသွားခိုင်းတာမလား သွားခေါ်ကြတာပေါ့ "

ဒီလိုနဲ့ (၃)ယောက်သား အရှေ့ရွာလေးစီသို့ နုယဉ်ကိုပြန်ခေါ်ရန် ထွက်လာခဲ့ကြတော့သည်။

ကျွန်တော်တို့ရောက်တော့ သူကြီးလင်မယားက အရင်ရောက်နှင့်နေလေပြီ  ဒေါ်ငွေခင်က အရမ်းဒေါသထွက်နေလေပြီ ..ဒေါသထွက်လည်း ထွက်ချင်စရာပါပဲလေ အရမ်းမျော်လင့်ထားကြတာမလား မျော်လင့်သလိုဖြစ်မလာမှတော့ ဒေါသထွက်ယုံပေါ့။

"အိမ်ရှင်တို့ ..အိမ်ရှင်တို့ရေမရှိကြဘူးလား ...ဖိုးစီ နင့်ညီမကို အော်ခေါ်စမ်း "

"မေတ္တာ ပြိုင်ပွဲ"Where stories live. Discover now