Part -4

16 3 0
                                    

  ဖိုးစီနဲ့သာမြ တ‌စ်‌ယောက်တစ်လှည့်စနောက်နေရင်း တမာပင်အောက်ရောက်သော် ခလုပ်တိုက်မိပြီး " အမလေး လန့်တာကွာ "

ဖိုးစီလည်း နောက်ပြန်လှည့်ကြည့်ပြီး  "သစ်ပင်အောက်မှာထိုင်ငိုနေတဲ့ ကောင်မလေးက ငါ့ညီမလေးနဲ့တူလိုက်တာကွာ"

  ဖိုးစီ..ခေါင်းကိုဖျတ်ရိုက်လိုက်ပီး  "မင်းမျက်လုံးမှုန်နေပြီလား  ဖိုးစီ"

  "ငါလည်းဘယ်သိမလည်း သာမြရ ငါ့ညီမလေးလို ကျောင်းဝတ်စုံနဲ့ဆိုတော့ ငါညီမလေးလို့ ထင်သွားတာပေါ့ "

  " သူများတွေ ကျောင်းတက်တာ ဝတ်စုံ အတူတူပဲပေါ့ ဘာလည်း မင်းညီမက သူများရွာမှာ ကျောင်းလာတက်မလား ဒီအချိန်စာသင်ကျောင်းမှာပဲ ရှိမှာပေါ့ကွ မင်းကလည်း"

    "မင်းပြောတာလည်း ဟုတ်တာပဲ လာ..သွားမေးကြည့်ရအောင်"

   ဖိုးစီမှကောင်မလေးအရှေ့သွားပြီး လက်နဲ့ပုတ်ခေါ်လိုက်သည် " ဟိတ်..ကောင်မလေး နင့်နာမည် ဘယ်လိုခေါ်လည်း "

   " နုယဉ် "

ဟိဟိ "နာမည်က နုယဉ်တဲ့ " နုယဉ် နုယဉ် ဟာ ငါ့ညီမနာမည်ကြီးလေ "

သာမြမှ ‌အောက်သို့ငုံ့ကြည့်ပြီး "ဟုတ်တယ်ဟ မင်းညီမပါ့လား ဘယ်လိုဖြစ်လို့ ဒီဘက်ရွာရောက်နေတာ "

  ထိုအချိန် နုယဉ်မှာ ငိုချလာတော့သည် ."အဟင့်...အဟင့် .ဟင့် "

   "မဟုတ်သေးပါဘူး ညီမလေး နင်ကျောင်းတက်တာ ဘာလို့သူများရွာရောက်နေတာလဲ "

    "နင့်အကိုပြောတာ မှန်တယ် နုယဉ် ဒီနေ့ နင်ကျောင်းမသွားဘူးလား "

   "မေးတာလည်းမဖြေဘူး ငိုပဲ ငိုနေတယ် ..နင့်စက်ဘီးကော ဘယ်မလဲ "
     သာမြက စနောက်ပြီး "ရောင်းလိုက်ပြီ နေမှာပေါ့ကွ ဟဟဟ"

   ဖိုးစီမှ စိတ်တိုတိုဖြင့် "မင်းကလည်း တမျိုး လာနောက်မနေနဲ့ ကွ ငါဒေါသထွက်နေတာနော် "

****************************"
   " ဖိုးစီ..မင်းပြန်လာတာ မင်းမျက်နှာက ချီးညှစ်ထားတဲ့ပုံစံနဲ့  ဘာဖစ်လာတာလဲလို့ "အော်မေးသောအခါ

  "ကျွန်တော်ငိုတာ ကျွန်တော်ငိုနေတာအဖေ "

"ဘာလို့ငိုနေတာလည်း ငယ်တော့တဲ့အရွယ်လည်း မဟုတ်ပဲနဲ့ကွာ ငါ့သားရ"

"မေတ္တာ ပြိုင်ပွဲ"Where stories live. Discover now