Part - 1

124 8 0
                                    

"အော်..အီ..အီး..အွတ်" ကြက်တွန်သံကြား၌ နွေး တစ်ယောက်နိုးလာခဲ့သည် ရေချိုးပြီး ဘုရားပန်းလဲဘုရားရှိခိုး အရင်လုပ်လိုက်ပြီးညကကျန်တဲ့ ထမင်းကြမ်းခဲလေးကိုနွေးကာ ထမင်းဟင်းချက်ဖို့ပြင်လိုက်သည်။

"ဟဲ့ သားနွေး ဘာတွေလုပ်နေတာလည်းဒီကလေးနယ်"

"ဟီးး ဘာလုပ်ပါဘူးအမေရဲ့ အမေက မနက်လင်းထမင်းဟင်းချက်  တနေကုန်လယ်ထဲဆင်း ပြန်လာတော့လည်းချက်ပြုတ်ရနဲ့မို့ အရမ်းပင်ပန်တယ်မလား အဲ့ကြောင့်မို့ ထမင်းဟင်းကူချက်ပေးနေတာပါ အမေရဲ့ "

  "အမေသူလုပ်ပ့မယ်သားရယ် ငါ့သားက ဆယ်တန်းကိုသာအောင်ဖို့ကြိုးစားပါ အမေနဲ့ သားအ‌ဖေက‌ေလဘယ်လောက်ပဲ
ပင်ပန်းပါစေ လုပ်နိုင်ပါတယ် အမေတို့လို လယ်ထဲမဆင်းရဖို့သာ
ပညာတက်ကြီးဖြစ်အောင်ကြိုးစားပါသားရယ် "

  "ဟုတ်ကဲ့ပါအမေရဲ့ သားကြိုးစားပ့မယ် "

  "အေးအေး ...ငါ့သားသာ ရွာမှာလေ ဆယ်တန်းအောင်လိုကတော့ ဒီအမေနဲ့အဖေက ဘယ်လောက်တောင် ဂုဏ်ရှိလိုက်မလည်းသားနွေးရဲ့ "

  "ကြည့်ကြည့် ငါ့သားရေ မင်းအမေကတော့လေ သူ့သားဆယ်တန်းတောင်မအောင်တေးဘူး ကြွားချင်သာကပြောမနေနဲ့ တကယ်သာ အောင်သွားလို့ကတော့ ကြွားနိုင်ပ့အုံးမလား မသိပူးဟေ့ ..ဟဟဟ"

  "အမလေး တော်ကဘာသိလို့လည်း ရွာမှာက ဆယ်တန်းထိ တက်နိုင်တာဆိုလို့ သူကြီးသမီးနဲ့ ကျုပ်သားလေးပဲရှိတာမလား
ကိုယ့်သားသမီးက ပညာတက်ဆိုရင် ဘယ်လောက်ဂုဏ်ရှိသလည်း"

"အေးပါငါ့မိန်းမရယ် ငါလည်းသိပါတယ်ဟ"

နွေးတစ်ယောက်ကတော့ အဖေနဲ့အမေပြောစကား နားထောင်ပြီးရယ်လို့သာ နေမိသည်။

  အမေပြောတာလည်းမမှားပါ နွေး တို့ပန်းမြိုင်လယ်ရွာလေးက အတော်ခေါင်သည် တောင်ယာလုပ်ငန်းပဲလုပ်ကိုင်ပီး အသက်မွေးကြ၏ ပညာတက်ရယ်လို့လည်း မရှိပါ ရွာမှာရှိတဲ့ ကလေး‌ငယ်တွေကိုတော့  ကိုလင်းနောင်က သူတက်သမျှလေး ပြန်သင်ပေးသည်။

နွေး ကတော့ရွာနဲ့ အတော်လှမ်းဝေးတဲ့ ဇီးကုန်းရွာလေးမှာ သွားတက်ရ၏..စက်ဘီး လေးဆယ်ငါးမိနစ်တော့ စီးရသည် ပင်ပန်းတယ်လို့ရယ်မငြီးရယ်ပါ အမေနဲ့အဖေက ကျန်တော် ပညာတက်ကြီးဖစ်ဖို့ အတွက်နေ့မနား ညမနားကြိုးစားနေရတယ်မလား။

"မေတ္တာ ပြိုင်ပွဲ"Where stories live. Discover now