Uni
Tob အိပ်ခန်းအပြင်ဘက်မှ လူနှစ်ယောက်အား အသေအချာ တုတ်နှောင်ပြီးနောက် Daouတို့ရှိရာ အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။ အခန်းထဲတွင်တော့ Offroad အား နေရာချပေးနေသည့် Daouအားတွေ့တာမို့ နေရာချပြီးသည်အထိသူစောင့်လိုက်သည်။
နေရာချပြီး သွားတဲ့ Daouအား Tobသူ ယခုနအပြင်မှယူလာသော Tissueဘူးလိုက်ကြီး ပေးလိုက်တော့သည်။ သူ့အား နားမလည်သလို ပြန်
လှည့်ကြည့်နေတဲ့ Daouကြောင့် Tobလဲ နှာခေါင်းနေရာအားထိုးပြလိုက်ရတော့သည်။ အဲ့တော့မှ Daouတယောက် သွေးထွက်နေမှန်း သတိထားမိတော့သည်။Tissue ဖြင့် သွေးထွက်သောနေရာအား အုပ်ထားလိုက်ပြီး Tobအားသူပြောလိုက်သည်။
" Tob ခုနက မင်းဘာဆေးတွေထိုးလိုက်တာလဲ "
"Wat စမ်းသပ်ထားတဲ့ ဆေးပါ P သူပြောတာတော့ စိတ်ချရတယ်ပြောတယ် P '
'သူဘယ်မှာလဲ တခါတည်းပါလာတယ်မလား '
'ဟုတ်ပါလာတယ်P ခုနကPအလျင်စလိုအပေါ်ပြေးတတ်သွားတော့ သူ့ကိုထားခဲ့ပြီး ကျနော်အရင်တတ်လာလိုက်တာ ခုနကပဲ သူ့ကိုခေါ်ထားတယ် '
'ကောင်းပြီ '
'P ဒီလူတွေက ..... "
"အဲ့လူတွေပဲ ငါ့ကိုမြှားခေါ်ပြီး ငါမရှိတုန်း သူ့ကို အပြတ်ရှင်းချင်နေတာ "
ထိုစကားအပြီး Daou တယောက် Offroad အား
ကြည့်နေမိတော့သည်။ တအောင့်အကြာဝယ် Watလဲ အခန်းဆီရောက်လာရင်း Offroad အခြေအနေအားစမ်းသပ်စစ်ဆေးတော့သည် ။"ကံကောင်းတာပဲ ဆေးကအလုပ်ဖြစ်တယ် P ဒီဆေးနဲ့သာဆို သူ့ခန္ဓာထဲရှိသမျှ အရင်ဆေးလက်ကျန်တွေ အကုန်ရှင်းနိုင်လောက်တယ် အချိန်တော့ကြာနိုင်တယ် '
'ဘယ်လောက်ကြာမှာလဲ '
'၃လအနည်းဆုံးပါပဲ P ဒါမဲ့ အဲ့ဆေးကိုတော့ ရက်ဆတ်ပုံမှန်ပေးနေဖို့လိုတယ် အဲ့တာမှ ဆေးပတ်လည်မှုရမှာပါ တရက်ပဲဖြစ်ဖြစ်ပျက်ကွက်ရင်တော့ ဆေးကမထိရောက်တာမျိူးဖြစ်သွားနိုင်တယ် အဲ့တာတော့ သတိထားရမယ် P '
'ကောင်းပြီး မင်းသာ ဆေးအဆင်သင့်လုပ်ထားပါ Wat '
'ဟုတ်ကဲ့ပါ P ဒါနဲ့ သူ့လက်တဖတ်လဲ နည်းနည်းထိခိုက်သွားတယ် ကျနော်ဆေးလိမ်းပြီး ပတ်တီးစည်းပေးခဲ့မယ် '
![](https://img.wattpad.com/cover/375939723-288-k162176.jpg)
YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...