အပိုင်း22

248 11 0
                                    

"မေကြီးတို့ဆီ အရင်သွားမလာ "

"အမ် သွားမယ်လေ ပြီးတော့ ငါမင်းဒယ်ဒီနဲ့ တွေ့ချင်တယ် "

"အမ် မောင်လိုက်ပို့ပေးမယ် "

မောင်က အလွမ်းကို ခါးပတ်ကြိုးတပ်ပေးကာ

"ရောင်ခြည့်ကို မောင် ပြောပြစရာတွေ ရှိတယ် ပြီးတော့ ဝန်ခံစရာလည်းရှိတယ် "

"အင်း"

နေ့ သာလိကာလေးကို အကဲခက်ကြည့်တော့ မျက်နှာက ပကတိ ကြည်လင်နေသည်။ ဘာမှမေးလာခြင်းမရှိ။

"မောင် ဘာတွေ ပြောပြမှာလည်း မသိချင်ဘူးလား "

အလွမ်း မောင့်ပါးလေးကို လက်ဖဝါးနှစ်ဖက်နဲ့ ညှပ်ကိုင်ကာ ပြုံးလိုက်သည်။

"သိချင်တာပေါ့ ဒါပေမယ့် ငါက မောင်ပြောလာမယ့်အချိန်ထိ စောင့်မှာလေ သေချာတာ တစ်ခုက မောင်က ငါ့ကို ထိခိုက်စေမှာ မဟုတ်ဘူး "

"မောင့်ဘဝမှာ ရောင်ခြည်နဲ့ တွေ့ဆုံခဲ့ရတာကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး "

"ငါကောဘဲ "

နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ထိုအကြည့်တွေက အဓိပ္ပါယ်တွေ အများကြီးပါနေမှန်း နှစ်ယောက်စလုံး သိကြသည်။

ဒီရောက်တော့ မောင်က အလွမ်းနေရခက်မှာ စိုးတာကြောင့် မောင် နေတဲ့ ကွန်ဒို မှာသာ အရင်ခေါ်သွားသည်။ ခရီးပင်ပန်းထားတာကြောင့် အနားယူစေပြီးမှ ဒီမနက်မှ မေကြီးတို့ဆီကို သွားတွေ့ကြ ခြင်း ဖြစ်သည်။

နေ့တို့ ဆေးရုံရောက်တော့ ပါးက ထွက်ကြိုသည်။ သာလိကာလေးကတော့ ဟိုကြည့်ဒီကြည့်နဲ့ အားလုံးက သာလိကာလေးအတွက် အသစ်အဆန်းဖြစ်နေသည်။

"ရောက်လာကြပြီးလား "

"ဟုတ် ပါး "

ပါးက သာလိကာလေးကို ကြည့်ကာ လက်ဆန့်ပြီး

"တွေ့ရတာ ဝမ်းသာပါတယ် သားလေး "

"အာ ဟုတ်ကဲ့ ကျွန်တော်လည်း အတူတူပါဘဲဗျ "

အလွမ်းလည်း ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်သည်။ ထိုအမျိုးသားက မောင်နဲ့ ရုပ်ချင်းစင်နေသလိုဘဲ။

မောင့် ရောင်ခြည်ငယ်(Complete )Where stories live. Discover now